The network connection is lost.

Banner Image

နွေရာသီစျေးကွက်မှာ ကိုဗင်ထရီအသင်း မြန်မြန်ဆန်ဆန်လှုပ်ရှားရမယ်လို့ လမ်းပတ်ဝန်ခံ

ပရီးမီးယားလိဂ်ဆီတက်လှမ်းလာတဲ့ ကိုဗင်ထရီစီးတီးအသင်းရဲ့နည်းပြဖြစ်သူ ဖရန့်လမ်းပတ်က လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ အမြန်ဆုံးပြင်ဆင်လှုပ်ရှားဖို့ လိုအပ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ကိုဗင်ထရီအသင်းက ပြီးခဲ့တဲ့သီတင်းပတ်က ဝရက်ဇ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံရှစ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

"ဒါ တကယ့်ကိုကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါပဲ၊ မဟုတ်ဘူးလား" လို့ လမ်းပတ်က ပွဲစဉ်အပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

"ပရီးမီးယားလိဂ်ကို တက်သွားလိုက်၊ ပြန်ဆင်းလာလိုက် ဖြစ်နေတဲ့ အသင်းတွေအများကြီးကို ကျွန်တော်တို့ တွေ့ဖူးပါတယ်။ ပရီးမီးယားလိဂ်မှာ ခြေကုပ်ရဖို့ဆိုတာ တကယ့်ကို ခြေလှမ်းအကြီးကြီးလှမ်းရတာဖြစ်သလို ခက်ခဲလွန်းလှပါတယ်"

"ကျွန်တော်တို့ လုပ်စရာတွေ အများကြီးရှိပါတယ်။ အဲဒါတွေကို မြန်မြန်ဆန်ဆန်ပဲ လုပ်ဆောင်သွားရပါမယ်။ အဲဒီလို လုပ်ဖို့လည်း လိုအပ်တယ်လို့ ကျွန်တော် ခံစားရပါတယ်"

"အပြောင်းအရွှေ့ကိစ္စ အများစုကတော့ ကလပ်အသင်းအကြီးအကဲဖြစ်တဲ့ အသင်းပိုင်ရှင်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ ဆွေးနွေးမှုတွေကို မြန်မြန်ဆန်ဆန် လုပ်ရမှာဖြစ်သလို အခုရရှိထားတဲ့အောင်မြင်မှုလေးကိုလည်း ခဏတာ ပျော်ပျော်ပါးပါး ဖြတ်သန်းသွားချင်ပါတယ်"

အနားယူဖို့ အချိန်ရပါ့မလားလို့ မေးမြန်းရာမှာတော့ လမ်းပတ်က "သေချာပေါက် ရမှာပါ။ ကျွန်တော်က တစ်ခါတည်းနဲ့ အလုပ်တွေ အများကြီးလုပ်နိုင်ပါတယ်။ အားလပ်ရက်အပန်းဖြေခရီးထွက်ရင်းနဲ့ပဲ ဒီကိစ္စတွေကို ဆွေးနွေးသွားပါမယ်။ ဒါ ပြဿနာမဟုတ်ပါဘူး" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။