The network connection is lost.

Banner Image

ချဲလ်ဆီးအစား ဘာစီလိုနာသို့သာသွားသင့်တယ်လို့ ဖာဘရီဂတ်စ်ကို ပီတစ်တိုက်တွန်း

ချဲလ်ဆီးအသင်းမှာ လီယမ် ရိုဆင်နီယာရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဆက်စ် ဖာဘရီဂတ်စ်ဟာ ထိပ်တန်းလျာထားခံရသူတစ်ဦး ဖြစ်လာပါတယ်။

အသက် ၃၈ နှစ်အရွယ် ဖာဘရီဂတ်စ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ ကိုမိုအသင်းမှာ ဥရောပဘောလုံးလောကရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး လူငယ်နည်းပြတစ်ဦးအဖြစ် စွမ်းဆောင်ရည်ပြသထားနိုင်သူ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ လီယမ် ရိုဆင်နီယာကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သူဟာ အသင်းမှာ ၁၀၇ ရက်ကြာသာ တာဝန်ယူခဲ့ရတာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ရိုဆင်နီယာရဲ့ နေရာမှာ အစားထိုးဖို့အတွက် အန်ဒိုနီ အီရာအိုလာ၊ ရှာဘီ အလွန်ဆို၊ ဂျူလီယန် နာဂယ်စ်မန်းတို့နဲ့အတူ ဖာဘရီဂတ်စ်ကလည်း ထိပ်တန်းရေပန်းစားသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်းဖြစ်သူ အီမန်နျူရယ် ပီတစ်ကတော့ စတန်းဖို့ဒ်ဘရစ်ချ်ဆီကို မသွားဖို့ ဖာဘရီဂတ်စ်ကို တိုက်တွန်းလိုက်ပါတယ်။

"ဖာဘရီဂတ်စ်က ချယ်လ်ဆီးကို သွားမှာလား? မဟုတ်ဘူး၊ မဟုတ်ဘူး။ မင်းအနေနဲ့ ချယ်လ်ဆီးနဲ့ ဘာစီလိုနာကြားမှာ တစ်သင်းကို ရွေးရမယ်ဆိုရင် ချယ်လ်ဆီးကို မရွေးဘဲ ဘာစီလိုနာကိုပဲ သေချာပေါက် သွားသင့်တယ်။ ချယ်လ်ဆီးက အခုအချိန်မှာ တကယ့်ကို ရှုပ်ထွေးပွေလီနေတာပါ" လို့ ပီတစ်က Andy’s Bet Club ကို ပြောကြားခဲ့ပါတယ်။

"ဒါဟာ နည်းပြတွေအတွက်တင် မဟုတ်ဘဲ ကစားသမားတွေအတွက်ပါ အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေတာပါ။ ဘာစီလိုနာမှာ ဖိအားတွေ အများကြီးရှိနိုင်ပေမဲ့ ချယ်လ်ဆီးထက်စာရင်တော့ ပိုပြီး တည်ငြိမ်မှု ရှိပါလိမ့်မယ်" လို့ ၎င်းက ဆိုပါတယ်။