The network connection is lost.

Banner Image

ချဲလ်ဆီးနည်းပြအဖွဲ့ထဲမှာ ဂျွန်တယ်ရီ ရှိသင့်တယ် လို့ထောက်ပြလာတဲ့ တောင်ဆန်

ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်လူဟောင်း အင်ဒီတောင်းဆင့်ကတော့ ဂျွန်တယ်ရီအနေနဲ့ အသင်းရဲ့ ယာယီနည်းပြအဖွဲ့မှာ ပါဝင်သင့်တယ်လို့ ပြောလိုက်ပါတယ်။

မနေ့က လီယမ်ရိုဆင်နီယာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက်မှာတော့ ကာလန်မက်ဖာလိန်းကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ အသင်းရဲ့ အကယ်ဒမီမှာ အလုပ်လုပ်ကိုင်နေတဲ့ ဂျွန်တယ်ရီကို နည်းပြအဖွဲ့ထဲမှာ ထည့်သွင်းသင့်တယ်လို့ တောင်းဆင့်က ဆိုပါတယ်။

"ကျွန်တော်သာဆိုရင်တော့ အခုအချိန်မှာ ဂျွန်တယ်ရီကိုပဲ ရွေးချယ်မှာပါ၊ သူ့လိုလူမျိုးပေါ့။ ပရိသတ်တွေကို အားတက်လာစေဖို့၊ ကစားသမားတွေကို စိတ်ဓာတ်လှုံ့ဆော်ပေးဖို့နဲ့ လူတိုင်းကို အားအင်သစ်တွေ ပြန်လည်ရရှိစေဖို့အတွက်ပါ" လို့ တောင်းဆင့်က talkSPORT ကို ပြောပါတယ်။

"မက်ဖာလိန်းဆိုရင်တော့... မနေ့ညက ဘရိုက်တန်နဲ့ပွဲမှာ ပရိသတ်တွေကို ငေးကြည့်ရင်း ဘာလုပ်ရမှန်းမသိ စိတ်ဓာတ်ကျနေတဲ့ ကစားသမားတွေကို သူက ဘယ်လောက်အထိ စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးနိုင်မလဲဆိုတာ ကျွန်တော် မသေချာပါဘူး။"

သူက ဆက်ပြီး "ဩဇာရှိတဲ့၊ နာမည်ကျော်ကြားတဲ့ လူတစ်ယောက်ကို ခေါ်ယူလိုက်တာဟာ အသင်းအတွက် ဘာမှ ဆိုးကျိုးရှိမှာ မဟုတ်ပါဘူး။ အားလုံးက နားထောင်ရမယ့် အသံမျိုးရှိတဲ့သူ၊ ဘာကိုမှ မကြောက်တဲ့သူနဲ့ ကစားသမားတွေကို အလိုမလိုက်မယ့်သူမျိုး ဖြစ်ရပါမယ်။ အခု ချယ်လ်ဆီးအသင်းကို ကြည့်လိုက်ရင် ကစားသမားတွေဟာ အချိန်တိုင်း အလိုလိုက်တာ ခံနေရတယ်လို့ ကျွန်တော် မြင်ပါတယ်။ ကစားသမားတွေ အများကြီးရှိနေပြီး လူအဝင်အထွက်လည်း ဒီလောက်များနေတဲ့ အခြေအနေမှာ ဒါဟာ ပြဿနာအကြီးကြီးပဲလို့ ကျွန်တော် ထင်ပါတယ်။ ကစားသမားတွေ သက်တောင့်သက်သာရှိစေဖို့အတွက် သူတို့ကို ချော့မော့ပြီး အလိုလိုက်လွန်းတာတွေက များနေပြီလို့ ထင်ပါတယ်။ ထိပ်တန်း ပရီမီယံလိဂ်နဲ့ ဥရောပဘောလုံးလောကဆိုတာ ကြံ့ခိုင်တဲ့သူတွေအတွက် ခက်ခဲတဲ့ နေရာတစ်ခုပါ။ ချယ်လ်ဆီးမှာတော့ စိတ်ဓာတ်ပျော့ညံ့တဲ့ ကစားသမားတွေ အများကြီး ရှိနေပါတယ်" လို့ ဆိုသွားခဲ့ပါတယ်။