The network connection is lost.

Banner Image

မက်ဆီရဲ့ ခြေရာကို လိုက်နင်းချင်တယ်ဆိုတဲ့ ဘာစီလိုနာလူငယ်ကြယ်ပွင့် ယာမယ်လ်

ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် လာမင်းယာမယ်လ်က စီနီယာကစားသမားကြီး လီယွန်နယ်မက်ဆီအပေါ် ထားရှိတဲ့ သူ၏ လေးစားအားကျမှုကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ယာမယ်လ်ဟာ Laureus Awards ဆုပေးပွဲအခမ်းအနားမှာ ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်း မက်ဆီနဲ့ သူတို့နှစ်ဦးကြားက ပတ်သက်မှုတွေအကြောင်းကို ပြောပြခဲ့တာပါ။

"အားကစားသမားတစ်ယောက်ဟာ သူ့ရဲ့ ကိုယ်ပိုင်အားကစားမှာတင်မကဘဲ တခြားအားကစားနယ်ပယ်တွေမှာပါ ဂန္ထဝင်တစ်ယောက်ဖြစ်နေပြီဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ သူဟာ တကယ့်ကို အကောင်းဆုံးဖြစ်နေလို့ပါပဲ" လို့ ယာမယ်လ်က ဆိုပါတယ်။

"မက်ဆီက စံပြပုဂ္ဂိုလ်တစ်ယောက်ပါ။ သူဟာ ဘောလုံးသမိုင်းမှာတင်မကဘဲ အားကစားလောကတစ်ခုလုံးမှာပါ အကောင်းဆုံး အားကစားသမားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော့်အတွက်ကတော့ သူဟာ ရိုးရိုးတန်းတန်း အားကျရတဲ့ Idol တစ်ယောက်ထက် ပိုပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

ယာမယ်လ်က ဆက်လက်ပြီး "သူလုပ်ဆောင်ခဲ့တဲ့ အရာတွေနဲ့ သူပြသခဲ့တဲ့ စံနမူနာကောင်းတွေကြောင့် တစ်ကမ္ဘာလုံးက သူ့ကို လေးစားကြတာပါ။ ကျွန်တော်လည်း သူ့ရဲ့ ခြေရာကို လိုက်နင်းနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။