The network connection is lost.

Banner Image

ယူနိုက်တက်ကနေ မထွက်ခွာလိုတဲ့ အိုနာနာ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ ဂိုးသမား အန်ဒရီအိုနာနာကို အပြီးသတ်ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

ကင်မရွန်းဂိုးသမား အိုနာနာဟာ လက်ရှိမှာ တူရကီစူပါလိဂ်ကလပ် ထရက်ဇွန်စပေါ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားနေပြီး အဲဒီမှာ ခြေစွမ်းပြသနေတာလည်း ဖြစ်ပါတယ်။

အိုနာနာကတော့ လာမယ့်ရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြန်လာပြီး ဂိုးသမား ဆင်းန်လင်းမန်းနဲ့ နေရာလုကာ ယှဉ်ပြိုင်ကစားချင်နေပေမဲ့ မန်ယူစီမံခန့်ခွဲမှုပိုင်းကတော့ သူ့ရဲ့အမြင်နဲ့ ထပ်တူမကျဘဲ ဖြစ်နေပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ အိုနာနာကို အပြီးသတ်ရောင်းထုတ်ပြီး အဆမတန် မြင့်တက်နေတဲ့ အသင်းရဲ့ လစာပေးချေမှုစရိတ်တွေကို လျှော့ချဖို့ အားသန်နေတယ်လို့ သိရပါတယ်။

အသင်းက ရောင်းချလိုတဲ့ ဈေးနှုန်းနဲ့ပတ်သက်ပြီး ၂၀၂၃ ခုနှစ်တုန်းက အင်တာမီလန်ဆီကနေ အိုနာနာကို ဝယ်ယူခဲ့စဉ်က အသုံးပြုခဲ့ရတဲ့ ယူရို သန်း ၅၀ ကို အရင်းအတိုင်း ပြန်ရဖို့ မျှော်လင့်နေတာပါ။

အိုနာနာဘက်က ကြည့်မယ်ဆိုရင်တော့ သူနဲ့ မန်ယူအသင်းတို့ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်ဟာ သက်တမ်း ၂ နှစ်ကျော်လောက် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။