The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားမှုမရှိကြောင်း ငြင်းဆိုလိုက်ချိန်မှာပဲ ဒီအပတ်အတွင်း ကျောရိုးခွဲစိတ်မှု ခံယူရတော့မယ့် ရိုဒရီ

မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့အိပ်မက်တွေ ပျက်ပြယ်သွားခဲ့ရသလို ဒီအပတ်ထဲမှာပဲ ခွဲစိတ်မှုခံယူဖို့ ဖြစ်လာခဲ့ပါတယ်။

ရိုဒရီဟာ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီးနောက် ကမ္ဘာ့ဖလား၊ ဘော်လွန်ဒီအော၊ ချန်ပီယံလိဂ်နဲ့ မိမိတို့တိုက်ကြီးရဲ့ အဓိကနိုင်ငံတကာပြိုင်ပွဲ (ယူရိုဖလား) အားလုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့ သမိုင်းတစ်လျှောက် (၇) ယောက်မြောက် ကစားသမား ဖြစ်လာခဲ့သူပါ။

အသက် ၃၀ အရွယ် ရိုဒရီဟာ စပိန်နိုင်ငံကို ပြန်ချင်နေပြီး အထူးသဖြင့် နည်းပြ ဂျိုဆေးမော်ရင်ဟိုလက်အောက်မှာ အသင်းကို ပြန်လည်တည်ဆောက်နေတဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ကြာပါပြီ။

The Athletic ရဲ့ ဖော်ပြချက်အရ ရိုဒရီဟာ ဒီနွေရာသီမှာ ခွဲစိတ်မှု ခံယူရမှာဖြစ်ပြီး ဘယ်တော့လောက် ပြန်ကစားနိုင်မလဲဆိုတာ မသေချာသေးတဲ့အတွက် ဒါဟာ မန်စီးတီးကြယ်ပွင့်အတွက်ရော၊ အသင်းပြောင်းရွှေ့ရေးအတွက်ပါ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

စပိန်သတင်းစာ AS ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေဟာ ရိုဒရီနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် အတော်လေး စိတ်ဆိုးဒေါသထွက်နေကြပါတယ်။

ဗယ်ဒီဘီဘက်စ် (ရီးရဲလ်မက်ဒရစ်လေ့ကျင့်ရေးကွင်း) ဘက်ကလည်း အပြောင်းအရွှေ့သတင်းတွေဟာ လုံးဝအခြေအမြစ်မရှိသလို လက်တွေ့နဲ့လည်း အလွန်ဝေးကွာနေတယ်လို့ အခိုင်အမာ ပြောဆိုနေတဲ့အတွက် ရိုဒရီရဲ့ မက်ဒရစ်အိပ်မက်ဟာ ပိုပြီး မရေမရာ ဖြစ်လာခဲ့ပါတယ်။

ရိုဒရီဟာ ဒူးအရွတ် (ACL)၊ ပေါင်နောက်ကြောနဲ့ ပေါင်ခြံဒဏ်ရာတွေအပါအဝင် ဒဏ်ရာအမျိုးမျိုးကြောင့် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၁၇ ပွဲပဲ ပွဲထွက်ကစားနိုင်ခဲ့သလို အသက်အရွယ်ရလာတာနဲ့အမျှ အဲဒီဒဏ်ရာတွေက နောက်ရာသီမှာ ပြန်ဖြစ်လာနိုင်တဲ့အတွက် ရီးရဲလ်ဘက်က သတိထားနေတာလည်း ဖြစ်နိုင်ပါတယ်။

မန်စီးတီးအသင်းကတော့ အီးလီးယက်အန်ဒါဆန်အတွက် ပေါင် ၁၁၆ သန်း သုံးစွဲခဲ့ပြီးနောက်မှာ ရိုဒရီအတွက် ကမ်းလှမ်းမှုတွေကို ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ လက်ခံစဉ်းစားဖို့ အသင့်ရှိနေပါတယ်။