The network connection is lost.

Banner Image

မိုဆာလက်ထက်သာလွန်တဲ့ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနိုင်ငံခြားသားကစားသမား တစ်ဦးသာရှိတယ်လို့ ကာရေဂါဆို

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနိုင်ငံခြားသားကစားသမားတွေထဲမှာ လီဗာပူးကြယ်ပွင့် မိုဟာမက်ဆာလက်ထက် ပိုမိုသာလွန်တဲ့သူ တစ်ဦးသာရှိတယ်လို့ ကာရေဂါက အခိုင်အမာပြောကြားလိုက်ပါတယ်။

မိုဆာလက်က အခုဘောလုံးရာသီကုန်ဆုံးချိန်၊ လီဗာပူးမှ ထွက်ခွာသွားတော့မယ်လို့ မကြာသေးခင်ရက်ပိုင်းအတွင်း ကြေညာခဲ့ပါတယ်။

"အင်္ဂလန်မှာ ခြေစွမ်းပြခဲ့တဲ့ နိုင်ငံခြားသားတိုက်စစ်မှူးတွေရဲ့စွမ်းဆောင်ရည်နဲ့ ခြေစွမ်းတည်ငြိမ်မှုအပိုင်းမှာ အွန်နရီတစ်ဦးပဲ မိုဆာလက်ထက် ပိုမိုသာလွန်ပါတယ်" လို့ လီဗာပူးနောက်ခံလူဟောင်းကာရေဂါက သူ့ရဲ့ Telegraph ကော်လံမှာ ရေးသားခဲ့ပါတယ်။ 

"ခရစ္စတီယာနိုရော်နယ်ဒို၊ အီဒင်ဟာဇက်၊ ဇိုလာ၊ ဘားကမ့် ဒါမှမဟုတ် ကန်တိုနာတို့လို ကစားသမားတွေရဲ့ အရည်အချင်းတွေနဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိနိုင်ပေမဲ့ အဲဒီထဲက ဘယ်သူကမှ ဒီအီဂျစ်သားလို ရာသီတိုင်း တောက်လျှောက်ခြေစွမ်းပြပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုကိန်းဂဏန်းတွေကို အံ့မခန်းထွက်ပေါ်အောင် မလုပ်နိုင်ခဲ့ကြပါဘူး။ 

ရော်နယ်ဒိုရဲ့ယူနိုက်တက်ကစားသမားဘဝ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ပြန်လာတဲ့ကာလတွေက သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေထွက်ပေါ်လာတဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ရဲ့ ရှေ့ပိုင်းနဲ့ နောက်ပိုင်းနှစ်ကာလတွေ ဖြစ်ပါတယ်။။ 

ပရီးမီးယားလိဂ်မှာ ပြသခဲ့တဲ့ ခြေစွမ်းနဲ့ သက်ရောက်မှုအပေါ်မှာပဲ တိတိကျကျ ဆုံးဖြတ်မယ်ဆိုရင် မိုဆာလက်က သူ့ထက် သာလွန်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ခေတ်အဆက်ဆက် အကောင်းဆုံး ၁၁ ဦးစာရင်းမှာဆိုရင်တော့ တိုက်စစ်သုံးနေရာအတွက် အွန်နရီ၊ ခရစ္စတီယာနိုရော်နယ်ဒိုတို့နဲ့အတူ မိုဆာလက်လည်း သေချာပေါက်ပါဝင်ပါလိမ့်မယ်" လို့လည်း ကာရေဂါက ဆိုပါတယ်။