The network connection is lost.

Banner Image

ဘီလ်ဘာအိုရဲ့စိတ်ဝင်စားမှုတွေကြောင့် အီရာအိုလာကို အသင်းမှာဆက်ထိန်းထားဖို့ အခက်ကြုံလာတဲ့ ဘုန်းမောက်

ဘုန်းမောက်အသင်းနည်းပြ အန်ဒိုနီ အီရာအိုလာဟာ လာမယ့် နှစ်ပတ်အတွင်းမှာ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ စီစဉ်ထားပါတယ်။

စပိန်လူမျိုးနည်းပြဖြစ်သူရဲ့ လက်ရှိစာချုပ်ဟာ ဒီရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့အတွက် ဥရောပတစ်လွှားက ကလပ်အသင်းတွေက စိတ်ဝင်စားနေကြတာပါ။

ဗယ်လီကာနိုနည်းပြဟောင်း အီရာအိုလာကို ဘီလ်ဘာအိုအပြင် ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း အလိုရှိနေပါတယ်။ ပဲလေ့စ်အသင်းဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ့် အိုလီဗာဂလက်စနာရဲ့နေရာမှာ အစားထိုးဖို့အတွက် အီရော်လာရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ထားပါတယ်။

ဒေးလီးမေးလ်ရဲ့ ဖော်ပြချက်အရ အီရာအိုလာဟာ ဘီလ်ဘာအိုက သူ့ကို စိတ်ဝင်စားနေတယ်ဆိုတာ မသိရခင်အချိန်အထိ ဘုန်းမောက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ဘက်ကို ပိုပြီး စိတ်အားထက်သန်နေခဲ့တာပါ။

အာနက်စတို ဗယ်ဗာဒီဟာ ဒီရာသီကုန်မှာ နည်းပြရာထူးကနေ နုတ်ထွက်တော့မှာဖြစ်လို့ ဘီလ်ဘာအိုအသင်းက အီရာအိုလာကို ဆန်မာမေးလ်ကွင်းဆီ ပြန်လည်ခေါ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ အီရာအိုလာဟာ အက်သလက်တစ်ဘီလ်ဘာအိုမှာ ကစားသမားဘဝတုန်းက ပွဲပေါင်း ၄၀၀ ကျော်အထိ ကစားပေးခဲ့ဖူးသူဖြစ်တာကြောင့် အခုလို အသင်းဟောင်းရဲ့ စိတ်ဝင်စားမှုက သူ့ရဲ့စိတ်ကို တော်တော်လေး လှုပ်ခတ်သွားစေခဲ့ပါတယ်။