The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကြောင့် ၆ ပတ်လောက်အထိ အနားယူသွားရနိုင်တဲ့ အီဇီ

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကြယ်ပွင့်ကစားသမား အီဘီရီချီ အီဇီရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး အဆိုးရွားဆုံး အခြေအနေတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

အင်္ဂလန်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ လေဗာကူဆင်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဒီဒဏ်ရာကြောင့်ပဲ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲနဲ့ အခုအပတ်မှာ ကစားမယ့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ခြေစမ်းပွဲတွေကိုပါ လွဲချော်ခဲ့ရတာပါ။

အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ်အသင်း တာဝန်ရှိသူတွေဟာ အီဇီအနေနဲ့ နောက်ထပ် ၆ ပတ်လောက်အထိ အနားယူရမှာကို စိုးရိမ်နေကြပြီး တကယ်လို့ ဒီအတိုင်းသာ ဖြစ်လာမယ်ဆိုရင်တော့ သူ့ကို မေလမတိုင်ခင်အထိ ကွင်းထဲမှာ ပြန်မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။

BBC Sport ရဲ့ ဖော်ပြချက်အရ အကောင်းဆုံးအခြေအနေဆိုရင် ၄ ပတ်လောက်ပဲ နားရနိုင်တယ်လို့ ဆိုထားပေမဲ့ လက်ရှိမှာတော့ သူ ပြန်လည်ရွေးချယ်ခံနိုင်ဖို့အတွက် ၆ ပတ်လောက်အထိ အချိန်ယူရလိမ့်မယ်လို့ ပိုပြီး ခန့်မှန်းနေကြပါတယ်။