The network connection is lost.

Banner Image

ကာရာဘောင်းဖလား ဗိုလ်လုပွဲ ရှုံးနိမ့်မှုကနေ အာဆင်နယ်အသင်း ပြန်လာနိုင်မယ်လို့ ယောကရက်စ် အခိုင်အမာဆို

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ အာဆင်နယ်အသင်းအနေနဲ့ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မှာဖြစ်တယ်လို့ တိုက်စစ်မှူး ဗစ်တာ ယောကရက်စ်က အခိုင်အမာ ပြောကြားလိုက်ပါတယ်။ အခုရှုံးနိမ့်မှုကြောင့် ပရီးမီးယားလိဂ်မှာ ဇယားထိပ်က ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ဆုဖလားလက်မဲ့ဖြစ်နေတဲ့ အခြေအနေက ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

"လက်ရှိမှာတော့ ကျွန်တော်တို့ အကောင်းဆုံးခံစားချက်မျိုး မရှိနေတာ အမှန်ပါပဲ။ ဒါပေမဲ့ နောက်သုံးရက်နေရင် နောက်ထပ်ပွဲစဉ်တစ်ပွဲ ချက်ချင်းကစားရမှာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ သေချာပေါက် ပြန်လာနိုင်မှာဖြစ်ပြီး ရှေ့လာမယ့်ပွဲစဉ်တွေအတွက် အရင်ထက် ပိုပြီး စိတ်အားထက်သန်မှုတွေ ရှိလာမှာပါ" လို့ တနင်္လာနေ့မှာ ယောကရက်စ်က ပြောခဲ့ပါတယ်။

"ပွဲအစပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးတချို့ ရခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်းပြီးဖို့ ၁၀ မိနစ်အလိုလောက်မှာ သူတို့ဘက်က အရှိန်ရသွားခဲ့တယ်လို့ ထင်ပါတယ်။ သူတို့ ဘောလုံးပိုင်ဆိုင်မှု ပိုရခဲ့တယ်၊ ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးကြီးကြီးမားမားတွေ မဖန်တီးနိုင်ခဲ့ရင်တောင် ဘောလုံးကို အချိန်အကြာကြီး ထိန်းထားနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း အဲ့ဒီအတိုင်းပါပဲ။ ယေဘုယျအားဖြင့်တော့ ထိပ်တန်းအသင်းနှစ်သင်း ကစားတဲ့အခါ (ပထမဆုံးသွင်းဂိုးက အဆုံးအဖြတ်ဖြစ်သွားတတ်တာမျိုး) ရှိတတ်ပါတယ်။ သူတို့ ဂိုးသွင်းသွားတဲ့အချိန်မှာ ကျွန်တော်တို့ ပြန်စဖို့ တကယ်ကို ခက်ခဲသွားခဲ့ပါတယ်" လို့ ယောကရက်စ်က ဆိုပါတယ်။