အယ်လ်ချီနဲ့ခြေစမ်းပွဲကစားဖို့ စပိန်မြေဆီ ခရီးထွက်ခွာမယ့် အက်စတွန်ဗီလာ
အက်စတွန်ဗီလာအသင်းက အခုနိုင်ငံတကာသီတင်းပတ်အတွင်း ပွဲစဉ်အချို့ကစားဖို့ ရှိနေပါတယ်။
Birmingham Mail သတင်းစာရဲ့ ဖော်ပြချက်အရ အူနိုင်းအမ်မရီရဲ့အသင်းက လာလီဂါကလပ်အယ်ချီအသင်းနဲ့တွေ့ဆုံဖို့အတွက် အခုသီတင်းပတ်၊သောကြာနေ့မှာ စပိန်နိုင်ငံဆီ ခရီးထွက်ခွာမယ်လို့ သိရပါတယ်။
ဒီပွဲစဉ်ကို သောကြာနေ့၊ Pinatar Arena ကွင်းမှာ ကွင်းပိတ်ပြီး ယှဉ်ပြိုင်ကစားသွားပါမယ်။
အက်စတွန်ဗီလာက ဧပြီ ၉ ရက်မှာ ဘိုလော့ဂ်နာနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် ကစားပြီးနောက်၊ ဧပြီ ၁၂ ရက်မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ အနို်ငသုံးမှတ်အပြည့်ရရှိခဲ့လို့ အမှတ်ပေးဇယားစတုတ္ထနေရာရှိ အက်စတွန်ဗီလာက အဆင့် ၅ နေရာရှိလီဗာပူးအသင်းကို ငါးမှတ်အသာ ရရှိထားပါတယ်။