The network connection is lost.

Banner Image

တိုမီနေးရဲ့စာချုပ်မှာ အသင်းခေါင်းဆောင်ဖြစ်ခွင့်စည်းကမ်းချက်တစ်ခုကို ထည့်သွင်းသွားမယ့် နာပိုလီ

သတင်းတွေအရ နာပိုလီအသင်းဟာ သူတို့ရဲ့ အဓိကကစားသမားဖြစ်တဲ့ စကော့ မက်တိုမီနေးကို အသင်းမှာ ရေရှည်ထိန်းသိမ်းထားနိုင်ဖို့အတွက် ထူးခြားတဲ့ ‘အသင်းခေါင်းဆောင်ဖြစ်ခွင့်’ စည်းကမ်းချက်တစ်ခုကို ထည့်သွင်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မက်တိုမီနေးဟာ ၂၀၂၄ နွေရာသီတုန်းက သူ့ရဲ့ ငယ်ဘဝကလပ် မန်ျချက်စတာယူနိုက်တက်ကနေ နာပိုလီကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း အသင်းအတွက် အံ့အားသင့်စရာကောင်းလောက်အောင် ခြေစွမ်းပြသပေးနေသူလည်း ဖြစ်ပါတယ်။

အီတလီမြေမှာ မက်တွန်မီနေးရဲ့ အကောင်းဆုံးခြေစွမ်းတွေကြောင့် သူ့ကို ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့ ချိတ်ဆက်မှုတွေ အဆက်မပြတ် ရှိနေခဲ့ပြီး နာပိုလီဘက်ကတော့ ဒါမျိုးမဖြစ်လာအောင် အစွမ်းကုန် ကြိုးစားနေတာပါ။

Il Matino သတင်းစာရဲ့ အဆိုအရ နာပိုလီဟာ စကော့တလန် လက်ရွေးစင်ကစားသမားကို အသင်းမှာ ရေရှည်ဆက်ရှိနေစေဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အသင်းရဲ့ ကမ်းလှမ်းမှုထဲမှာ ‘အသင်းခေါင်းဆောင်ဖြစ်ခွင့်’ ဆိုတဲ့ အချက်ကို ထည့်သွင်းထားတယ်လို့ သိရပြီး ဒါဟာ သူ့ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်သွားမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။