ယူနိုက်တက် အမှတ်လျော့မှုကို အခွင့်ကောင်းမယူနိုင်ဘဲ ရှုံးပွဲကြုံခဲ့တဲ့ လီဗာပူး
ဘရိုက်တန် ၂ - ၁ လီဗာပူး (ပွဲပြီးရလဒ်)
လီဗာပူးအသင်းဟာ ယနေ့ညပွဲမှာ ဆာလက်နဲ့ အလီဆင် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သလို အီကီတီကီကလည်း ပွဲအစပိုင်းမှာတင် ဒဏ်ရာရသွားခဲ့တာကြောင့် ကစားပုံလိုအပ်ချက်များခဲ့ပြီး ရှုံးပွဲကြုံခဲ့ရပါတယ်။
အထူးသဖြင့် ဝါရင့်ကွင်းလယ်လူတွေဖြစ်တဲ့ မီလ်နာနဲ့ ပါစကယ်ဂရော့ဘ်တို့ကို လီဗာပူးတိုက်စစ်က ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဒန့်ခ်ရဲ့အမှားကနေ ကာကက်ဇ် သွင်းယူခဲ့တဲ့ ဂိုးတစ်ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။
ဘရိုက်တန်ကတော့ ဒုတိယပိုင်းအတွင်း ခြေစွမ်းအသာစီးနဲ့ကစားသွားခဲ့ပြီး လိုအပ်နေတဲ့နိုင်ပွဲတစ်ခုကို ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။