The network connection is lost.

Banner Image

သွင်းဂိုးပယ်ဖျက်ခံရပေမဲ့ ဖူလ်ဟမ်နဲ့ပွဲစဉ်သရေရလဒ်အပေါ် ကျေနပ်နေတဲ့ ဖောရက်စ်နည်းပြ ဗီတာပါရဲရား

ဖူလ်ဟမ်ကို အိမ်ကွင်းမှာဧည့်ခံကစားရတဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ်နဲ့အတူ အမှတ်ခွဲဝေယူနိုင်ခဲ့လို့ နော်တင်ဟမ်ဖောရက်စ်အသင်း တန်းဆင်းဇုန်မှ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တန်းဆင်းဇုန်နဲ့အလှမ်းဝေးသွားစေမယ့်သွင်းဂိုးကို ပယ်ဖျက်ခံရလို့ အိမ်ရှင်ပရိသတ်တွေ ဒေါသထွက်ခဲ့ကြပါတယ်။

လတ်တလောမှာ နော်တင်ဟမ်ဖောရက်စ်က ဝက်စ်ဟမ်းနဲ့ ရမှတ်တူ( ၂၉ မှတ်)၊ ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားအဆင့်-၁၇ နေရာဆီ ရောက်ရှိလာပါတယ်။ ဝက်စ်ဟမ်းကတော့ စနေနေ့မှာ မန်စီးတီးကို သရေကစားနိုင်ခဲ့ပေမဲ့ တန်းဆင်းဇုန်ဆီ ပြန်ကျရောက်သွားပါတယ်။

တကယ်လို့ ပွဲချိန် ၆၃ မိနစ်မှာ သွင်းယူခဲ့တဲ့ အန်ဒိုယီရဲ့သွင်းဂိုးကိုသာ ခွင့်ပြုပေးလိုက်မယ်ဆိုရင် နော်တင်ဟမ်ဖောရက်စ်က အမှတ်ပေးဇယားအဆင့်-၁၆ နေရာအထိ တက်လှမ်းသွားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ နည်းပြဗီတာပါရဲရားကတော့ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့ ကစားသမားတွေရဲ့စွမ်းဆော်ငရည်ပိုင်းကို ကျေနပ်နေခဲ့ပါတယ်။

"ဒါ အရှိန်နဲ့ပြေးရတဲ့ ပြိုင်ပွဲမျိုးမဟုတ်ဘဲ မာရသွန်လို အဆုံးအထိယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲမျိုးပါ။ ဒီပွဲစဉ်မှာ သုံးမှတ်အပြည့်ရရှိနိုင်မယ့် အခွင့်အရေးရှိခဲ့ပေမဲ့ လာမယ့်ပွဲစဉ်မှာလည်း အဲ့ဒီလိုအခွင့်အရေးမျိုး ရှိနေပါသေးတယ်" လို့ သူက Sky Sports ဆီ ပြောပါတယ်။

ဒုတိယပိုင်းပွဲချိန်အတွင်း ဒိုမင်ဂွတ်ဇ်ရဲ့နေရာ လူစားဝင်ကစားတဲ့ အန်ဒိုယီက ဖူလ်ဟမ်ဂိုးသမားနဲ့ ခံစစ်မှူးတွေကို တောက်လျှောက်ခြိမ်းခြောက်နိုင်ခဲ့သလို လူစားဝင်တိုက်စစ်မှူးအဝိုနီယီကလည်း ဖောရက်စ်အသင်းတိုက်စစ်ကို ပိုမိုမြန်ဆန်သွက်လက်အောင် ကူညီပေးခဲ့ပါတယ်။

"အသင်းကို အင်အားသစ်တွေ ထပ်ဖြည့်ဖို့ လိုအပ်ခဲ့တာပါ။ သူတို့က တစ်ဦးချင်းယှဉ်ပြိုင်မှုမှာ အားကောင်းတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ဒန်အန်ဒွိုင်းက နေရာလွတ်တွေမှာ မြန်ဆန်ပြီး အာဝိုနီယီကလည်း တကယ့်ကို ထူးချွန်ပါတယ်။ ဒါက ကျွန်တော့်ကစားသမားတွေဆီကနေ မြင်တွေ့ချင်တဲ့ စိတ်ဓာတ်မျိုးပါပဲ" လို့ ပရဲရားက ဆိုပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာ နီကိုဝီလျံစ်ရဲ့ပေးပို့မှုမှတဆင့် အန်ဒိုယီက ပြိုင်ဘက်ဂိုးသမားကိုကျော်ဖြတ်ကာ အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ဒီသွင်းဂိုးကို VAR ပြန်ကြည့်ရာမှာ အန်ဒိုယီအနည်းငယ်လူကျွံနေလို့ အနိုင်ဂိုးကို ခွင့်မပြုပေးခဲ့ပါဘူး။ အခုလို ဆုံးဖြတ်ချက်မျိုးကို နည်းပြပါရဲရား စိတ်ပျက်နေမယ့်အစား အကောင်းမြင်တဲ့စိတ်နဲ့ပဲ တုံ့ပြန်ခဲ့ပါတယ်။

"ဒီနေ့ပွဲစဉ်မှာ သုံးမှတ်အပြည့်ရရှိဖို့အတွက် ကစားသမားတွေ အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ ရလဒ်ကိုတော့ ကျွန်တော်တို့ထိန်းချုပ်လို့မရနိုင်ပေမဲ့ ကွင်းထဲမှာ ဘာလုပ်မလဲဆိုတာနဲ့ အနိုင်ရလိုတဲ့စိတ်ဓာတ်ကို ပြသနိုင်ခဲ့ပါတယ်။ သူတို့အတွက် ကျွန်တော် ဝမ်းသာပါတယ်" လို့ ပါရဲရားက ပြောပါတယ်။

"ရာသီကုန်အထိတော့ ခက်ခဲဦးပါဦးမယ်။ အဆုံးသတ်ချိန်ရောက်မှသာ အဖြေပေါ်လာမယ်လို့ ထင်ပါတယ်။ တန်းဆင်းဇုန်မှလွတ်မြောက်ဖို့အတွက် အမှတ်တွေ ဆက်ရယူသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တော့တင်ဟမ်၊ ဝက်စ်ဟမ်းနဲ့ လိဒ်တို့ဆိုတာ အသင်းကောင်းတွေ ဖြစ်ပါတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။