The network connection is lost.

Banner Image

ဖူလ်ဟမ်နောက်ခံလူ ဒီယော့ပ် မော်ရိုကိုလက်ရွေးစင်အသင်းအတွက် ကစားပေးရန် ဆုံးဖြတ်

ဖူလ်ဟမ်အသင်းရဲ့ နောက်ခံလူ အီဆာဒီယော့ပ်ဟာ သူ့ရဲ့ နိုင်ငံတကာ ကစားသမားဘဝမှာ မော်ရိုကိုလက်ရွေးစင်အသင်းကို ကိုယ်စားပြုကစားပေးဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီယော့ပ်ဟာ အရင်က ပြင်သစ်လူငယ်လက်ရွေးစင်အသင်းတွေဖြစ်တဲ့ အသက် ၁၆ နှစ်အောက်ကနေ ၂၁ နှစ်အောက်အဆင့်အထိ အဆင့်ဆင့် ရွေးချယ်ခံခဲ့ရဖူးသူပါ။

ဒါပေမဲ့ Foot Mercato ရဲ့ ဖော်ပြချက်အရ အခုအခါမှာတော့ ဒီယော့ပ်ဟာ မော်ရိုကို စီနီယာလက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီယော့ပ်ဟာ သူ့ရဲ့ မိခင်ဖြစ်သူဘက်ကနေ မော်ရိုကိုမျိုးရိုး ဆင်းသက်လာသူဖြစ်ပြီး ဖခင်ဖြစ်သူဘက်ကနေလည်း ဆီနီဂေါမျိုးရိုး ရှိထားသူ ဖြစ်ပါတယ်။

အခုလို ဆုံးဖြတ်ချက်ကြောင့် ဒီယော့ပ်ဟာ ဒီနှစ်နွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းနဲ့အတူ ပါဝင်ကစားခွင့်ရဖို့ အခြေအနေကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။