ဂျေဂျေဂါဘရီရယ်လ်ရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဖွင့်ဟလာတဲ့ မိုက်ကယ်ကာရစ်
ယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်က အလားအလာကောင်းတဲ့ အကယ်ဒမီလူငယ်ကစားသမား ဂျေဂျေဂါဘရီရယ်လ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေအကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။
ဂါဘရီရယ်လ်က အသက် ၁၅ နှစ်သာ ရှိသေးပေမဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေက အများပြည်သူရဲ့ အာရုံစိုက်မှုကို အကြီးအကျယ် ရရှိနေတာ ဖြစ်ပါတယ်။
ဒီလူငယ်ကစားသမားလေးက မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်လို ထိပ်တန်းကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ ကာရစ်ကို မေးမြန်းခဲ့ကြပေမဲ့ သူက အသေးစိတ် အချက်အလက်တွေကို တိုက်ရိုက်ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
ကာရစ်က "ဒီအခြေအနေတစ်ခုလုံးအပေါ် ကျွန်တော်တို့ အလွန် သတိထားရမယ်လို့ပဲ ကျွန်တော် ထင်ပါတယ်။
သူက အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျွန်တော့်ဘက်ကရော အသင်းရဲ့ ရှုထောင့်ကပါ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ လူငယ်ကစားသမားလေးတွေကို ဂရုစိုက်စောင့်ရှောက်ဖို့၊ သူတို့ရဲ့ ကောင်းကျိုးချမ်းသာနဲ့ လူထုအာရုံစိုက်မှုတွေကို စောင့်ရှောက်ပေးဖို့က သေချာပေါက် တာဝန်ရှိပါတယ်"လို့ ပြောခဲ့ပါတယ်။
အပြောင်းအရွှေ့ သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ အဆိုအရ ဂါဘရီရယ်လ်က ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ ထိပ်တန်းကလပ်ကြီးတွေဆီ ပြောင်းရွှေ့နိုင်မယ့် အခွင့်အလမ်းတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါပေမဲ့း တရားဝင် အပြောင်းအရွှေ့ သဘောတူညီချက် တစ်စုံတစ်ရာ ဒါမှမဟုတ် ဂါဘရီရယ်လ်က ယူနိုက်တက်ကနေ ထွက်ခွာဖို့ အမှန်တကယ် ဆုံးဖြတ်ထားပြီးပြီလား ဆိုတာကိုတော့ အတည်ပြုထားခြင်း မရှိပါဘူး။