The network connection is lost.

Banner Image

ဒမ်ဘီလီရဲ့အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ မန်စီးတီးဒါရိုက်တာဗီယာနာ

ပီအက်စ်ဂျီကြယ်ပွင့်ဒမ်ဘီလီရဲ့အေးဂျင့်ကို မန်စီးတီးအသင်းဘောလုံးဒါရိုက်တာဟူဂို ဗီယာနာနဲ့အတူ တွေ့ရှိခဲ့ရပါတယ်။

The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ ဘော်လွန်းဒီအော်ဆုရှင်ရဲ့အေးဂျင့်မူဆာဆစ်ဆိုကိုက မက်ဒရစ်မြို့ရှိ ဇိမ်ခံဟိုတယ်တစ်ခုမှာ ဗီယာနာနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဗီယာနာက အခုသီတင်းပတ်အတွင်း ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် စပိန်နိုင်ငံဆီ ရောက်ရှိနေတာပါ။ အဲဒီဟိုတယ်မှာပဲ ပေါ်တူဂီလူမျိုးဒါရိုက်တာဗီယာနာနဲ့ ဆစ်ဆိုကိုတို့ စကားပြောဆိုနေပုံကို ဓာတ်ပုံရိုက်ကူးမိခဲ့ပါတယ်။

ဒမ်ဘီလီက ပီအက်စ်ဂျီအသင်းနဲ့စာချုပ်သက်တမ်း ၂ နှစ်ခွဲ ကျန်ရှိနေသေးပေမဲ့ စာချုပ်သစ်တိုးဖို့ ဆွေးနွေးမှုတွေကတော့ လက်ရှိမှာ ရပ်တန့်နေပါတယ်။

စပိန်သတင်းရင်းမြစ်တွေရဲ့အဆိုအရ ဗီယာနာနဲ့ ဆစ်ဆိုကိုတို့တွေ့ဆုံမှုက တရားဝင် စီစဉ်ထားတဲ့တွေ့ဆုံမှုမျိုး မဟုတ်ပေမဲ့ မန်စီးတီးဒါရိုက်တာကိုယ်တိုင် ရာသီကုန်ခါနီး အပြောင်းအရွှေ့ဆွေးနွေးမှုတွေ စတင်နိုင်ဖို့အတွက် အခြေခံအချက်အလက်တွေ ကြိုတင်ပြင်ဆင်စုံစမ်းနေခြင်းဖြစ်တယ်လို့ သိရပါတယ်။