The network connection is lost.

Banner Image

ရိုးမားအသင်းနဲ့ ဒိုင်ဘားလားတို့ ဒီနွေရာသီမှာ လမ်းခွဲဖို့ ပိုမိုနီးစပ်လာ

ပေါလိုဒိုင်ဘားလားဟာ ဒီနွေရာသီမှာ ရိုးမားအသင်းကနေ ထွက်ခွာဖို့ ခြေတစ်လှမ်း ပိုနီးစပ်သွားပါပြီ။ စာချုပ်သစ်အတွက် သဘောတူညီမှုရရှိဖို့ အလားအလာ အလွန်နည်းပါးနေတယ်လို့ TMW သတင်းဌာနက ဖော်ပြထားပါတယ်။

လက်ရှိမှာ တစ်နှစ်လစာ ယူရို ၁၀ သန်းကျော် ရရှိနေတဲ့ ဒိုင်ဘားလားရဲ့ စာချုပ်ဟာ ဒီရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဒိုင်ဘားလားကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ရိုးမားအသင်းဘက်က လစာအများကြီးလျှော့ချဖို့ အတင်းအကျပ် တောင်းဆိုနေတာကြောင့် သူဟာ အသင်းကနေ ထွက်ခွာဖို့ ပိုနီးစပ်သွားတာပါ။ တကယ်တော့ နှစ်ဦးနှစ်ဖက်ကြား ညှိနှိုင်းမှု အဆင်ပြေဖို့ အခွင့်အလမ်း အတော်လေး နည်းပါးနေတယ်လို့လည်း ဆိုကြပါတယ်။

အဲဒီအစား အာဂျင်တီးနား လက်ရွေးစင်ကစားသမားအတွက် သူ့ရဲ့ နေရပ်ကို ပြန်ဖို့ အခွင့်အလမ်းက ပိုပြီး အရှိန်အဟုန် ကောင်းလာနေပြီး ဘိုကာဂျူနီယာအသင်းကလည်း သူ့ကို ခေါ်ယူဖို့ အမြဲတမ်း အဆက်အသွယ် လုပ်နေပါတယ်။

ဒိုင်ဘားလားကလည်း မကြာသေးမီက "ကျွန်တော် အာဂျင်တီးနားကို ပြန်ဖို့အတွက် လမ်းစဖွင့်ထားပါတယ်။ ပါရီဒက်စ်က ကျွန်တော့်ကို ဘိုကာအသင်းကို လာဖို့ တိုက်တွန်းနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။