The network connection is lost.

Banner Image

ကိုင်ဟာဗက်ဇ်ရဲ့နောက်ကျပင်နယ်တီဂိုးကြောင့် ဂျာမန်မြေမှာ သရေရလဒ်ရယူနိုင်ခဲ့တဲ့ အာဆင်နယ်

လေဗာကူဆင် ၁ - ၁ အာဆင်နယ် (ပွဲပြီးရလဒ်)

အာဆင်နယ်အသင်းဟာ တစ်ပွဲလုံးနီးပါး ဘောလုံးကိုင်ကစားခဲ့ပေမဲ့ တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကျဆင်းမှုနဲ့အတူ ဘာမှလုပ်ပြနိုင်ခြင်းမရှိဘဲ ပွဲပြီးခါနီး ပင်နယ်တီဂိုးကြောင့်သာ ဂျာမန်မြေမှာ သရေရခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ အသင်းခေါင်းဆောင် ဆာကာရဲ့ခြေစွမ်းက ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့တာကြောင့် တိုက်စစ်ပိုင်းကစားပုံဆိုးရွားလွန်းခဲ့ပြီး လူစားဝင်ကစားသမား မာဒူကီကြောင့်ရခဲ့တဲ့ ပင်နယ်တီကို ကိုင်ဟာဗက်ဇ်က အပိုင်အဆုံးသတ်ကာ အဖိုးတန်သရေရလဒ်ရယူပေးခဲ့ပါတယ်။

လေဗာကူဆင်ရဲ့ခံစစ်အားပြုကစားဟန်က အလုပ်ဖြစ်ခဲ့ပြီး ဒုတိယပိုင်းအစ ထောင့်ကန်ဘောကနေ ဦးဆောင်ဂိုးရယူနိုင်ခဲ့ပေမဲ့ ပွဲပြီးခါနီး ပင်နယ်တီပေးလိုက်ရတာကြောင့် နိုင်ပွဲနဲ့ဝေးကွာခဲ့ပြီး အမ်းမရိတ်မြေမှာ ရေကုန်ရေခမ်းကစားရတော့မှာ ဖြစ်ပါတယ်။