The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ဟာလန်းကို ပွဲထွက်ကစားသမားအဖြစ် ထည့်သွင်းသွားမယ်လို့ဆိုလာတဲ့ ဂွါဒီယိုလာ

မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ ဒီတစ်ပတ်မှာကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာတော့မှာပါ။

၁၆ ကြိမ်မြောက် ချန်ပီယံလိဂ်ထိပ်တိုက်တွေ့ဆုံမှုအဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ဟာ ဗုဒ္ဓဟူးနေ့ညမှာ ဘာနေဗျူးကွင်းမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဒါဟာ ၁၆ သင်းအဆင့်ရဲ့ ပထမအကျော့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က စိန့်ဂျိမ်းစ်ပါ့ခ်မှာကစားခဲ့တဲ့ နယူးကာဆယ်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဟာလန်း မပါဝင်ခဲ့တာကြောင့် ရီးရဲလ်နဲ့ပွဲကို ဒဏ်ရာကြောင့် လွဲချော်နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ဒီတစ်ပတ် ရီးရဲလ်နဲ့ပွဲမှာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ဖို့အတွက် သူ့ကို အနားပေးခဲ့တာဖြစ်တယ်လို့ ဂွါဒီယိုလာက ရှင်းပြခဲ့ပါတယ်။

"ကျွန်တော် သူ့ကို အဲဒီပွဲမှာ ထည့်မကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ့အနေနဲ့ ကစားဟန်အရှိန်အဟုန်ကို ပြန်ရဖို့ လေ့ကျင့်ခန်းဆင်းနေတာကိုပဲ ပိုသဘောကျပါတယ်။ ဒဏ်ရာကနေ ပြန်လာပြီးတဲ့နောက်မှာ သူ့ရဲ့ ပုံမှန်အရှိန်အဟုန်ကို ပြန်ရဖို့က အမြဲတမ်း ရုန်းကန်ရလေ့ရှိလို့ပါ" လို့ ဂွါဒီယိုလာက ဆိုပါတယ်။

ဂွါဒီယိုလာက ဒီရာသီရဲ့ အခက်ခဲဆုံးစိန်ခေါ်မှုအတွက် ပြင်ဆင်နေချိန်မှာ နော်ဝေတိုက်စစ်မှူးဟာ ဘာနေဗျူးကွင်းမှာ အယ်လ်ဗာရို အာဘီလိုအာရဲ့ အသင်းကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

ဟာလန်းဟာ ၂၀၂၅-၂၆ ဘောလုံးရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲကစားထားပြီး ၂၉ ဂိုးသွင်းကာ ၇ ဂိုး ဖန်တီးပေးထားသူဖြစ်တာကြောင့် ရီးရဲလ်နဲ့ပွဲမှာ ပွဲထွက်စာရင်းရဲ့ ထိပ်ဆုံးမှာ သေချာပေါက် ရှိနေမယ့်သူပါ။

ပရီးမီးယားလိဂ်မှာလည်း ဇယားထိပ်က အာဆင်နယ်နဲ့ အမှတ်ကွာဟမှုကို လျှော့ချနိုင်ဖို့ ဒီတစ်ပတ်မှာ မန်စီးတီးဟာ ဝက်စ်ဟမ်းနဲ့ ကစားရဦးမှာပါ။ ရီးရဲလ်နဲ့ ဒုတိယအကျော့ပွဲစဉ် မတိုင်ခင်မှာ ဂွါဒီယိုလာက လူထုတ်လှည့်စားဖွယ်ရှိတာကြောင့် ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ဟာလန်းကို အနားပေးနိုင်ပါသေးတယ်။