The network connection is lost.

Banner Image

နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့မှုက လုံးဝကို အားရကျေနပ်စရာမရှိဘူးလို့ ယူနိုက်တက်ဂိုးသမား ဆန်နီလမ်မန်းစ် ပြောကြား

ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဂိုးသမား ဆန်နီလမ်မန်းစ်က ဘာဆင်ခြေမှမပေးဘဲ အရှိကိုအရှိအတိုင်း ဝန်ခံသွားပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နေပေမဲ့လည်း ဧည့်သည်ယူနိုက်တက်အသင်းအတွက်တော့ အဆင်မပြေတဲ့ ညတစ်ညဖြစ်ခဲ့တယ်လို့ အဲဒီဘယ်လ်ဂျီယံဂိုးသမားက ဆိုပါတယ်။

"ဒါဟာ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ ရလဒ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနေ့ပွဲက အထူးသဖြင့် သူတို့ကွင်းမှာဆိုရင် ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးသားဖြစ်သလို နည်းပြကလည်း ကြိုတင်သတိပေးထားပါတယ်" လို့ လမ်မန်းစ်က ပွဲအပြီးမှာ ပြောပါတယ်။ "ပထမပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံမရခဲ့ပေမဲ့ ပထမပိုင်းပြီးခါနီး နောက်ဆုံးမိနစ်မှာ ချေပဂိုးသွင်းနိုင်ခဲ့လို့ အားတက်ခဲ့ပါတယ်။ ပြိုင်ဘက်က ၁၀ ယောက်တည်း ကျန်ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ အခြေအနေကောင်းတယ်လို့ ခံစားခဲ့ရတာပါ။ ဒါပေမဲ့ ဒါဟာ လွယ်ကူမှာမဟုတ်ဘူးလို့ နည်းပြက သတိပေးခဲ့ပါတယ်။ ကျွန်တော်တို့ သူတို့ကို အမြန်ဆုံး တိုက်စစ်ဆင်ပြီး ဂိုးရအောင် လုပ်ရပါမယ်။ ဂိုးမရဘဲ ၁-၁ သရေရလဒ်နဲ့ ကြာနေသမျှ တစ်ဖက်က အခွင့်အရေး တစ်ခုရသွားတာနဲ့တင် အားလုံးပြောင်းလဲသွားနိုင်ပါတယ်။ အခုတော့ အဲဒီအတိုင်းပဲ ဖြစ်သွားခဲ့ပြီး ကဏ္ဍတိုင်းမှာ ဒီနေ့စွမ်းဆောင်ရည်က လုံးဝကို အားရစရာမရှိပါဘူး။ ဒါကို ကျွန်တော်တို့ သင်ခန်းစာယူရပါမယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။