The network connection is lost.

Banner Image

ပဲလေ့စ်ကစားသမားတွေသာ သူ့ဘက်မှာမရှိရင် အသင်းကနေ ထွက်ခွာသွားမှာဖြစ်တယ်လို့ဆိုလာတဲ့ ဂလက်စ်နာ

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ နည်းပြဖြစ်သူ အိုလီဗာဂလက်စ်နာဟာ သူ့ကို ကစားသမားတွေက အလိုမရှိတော့ဘူးဆိုရင် အသင်းကနေ နှုတ်ထွက်သွားဖို့ အဆင်သင့်ရှိနေပါတယ်။လာမယ့် ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးချိန်ကျရင် ပဲလေ့စ်အသင်းကနေ ထွက်ခွာဖို့ ရည်ရွယ်ထားတယ်လို့ ဂလက်စ်နာက ကြေညာထားတာပါ။ ဒါပေမဲ့ ကစားသမားတွေရဲ့ ယုံကြည်မှုကို မရရှိတော့ဘူးဆိုရင်တော့ အဲ့ဒီထက်စောပြီး သူ ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

"ဒါကို ကျွန်တော် ခဏခဏ ပြောဖြစ်ပါတယ်" လို့ ဂလက်စနာက ဆိုပါတယ်။ "ခရစ္စတယ်ပဲလေ့စ်အသင်းက ပိုအရေးကြီးပါတယ်။ ဒါကြောင့် အိုလီဗာဂလက်စ်နာ မရှိဘဲနဲ့ အသင်းက ပိုကောင်းသွားမယ်လို့ ကလပ်ဘက်က ယုံကြည်တယ်ဆိုရင် ကျွန်တော် အဟန့်အတား မဖြစ်စေချင်ပါဘူး။

"ဒါဟာ ကျွန်တော် 'မသိဘူး' လို့ ပြောခဲ့တုန်းက ဆိုလိုချင်တဲ့ အချက်ပါ။ တခြားနည်းပြတစ်ယောက်နဲ့ဆိုရင် ပိုကောင်းလာမယ်လို့ ကစားသမားတွေက ယုံကြည်နေရင်လည်း ကျွန်တော်က ဘာမှလုပ်ပေးလို့ မရတဲ့အတွက် သူတို့ရှေ့ကနေ လမ်းပိတ်မထားချင်ပါဘူး။

"ကစားသမားတွေကပဲ အဓိက လုပ်ဆောင်ရမှာပါ။ ဒါပေမဲ့ ကျွန်တော် ကစားသမားတွေနဲ့ စကားပြောကြည့်တဲ့အခါမှာတော့ သူတို့ဟာ သူတို့ရဲ့ အကောင်းဆုံး နှစ်နှစ်တာကို ဖြတ်သန်းခဲ့ရပြီး ဒါကိုလည်း ဆက်ပြီး ယုံကြည်နေကြပါတယ်။ ကလပ်အသင်းဘက်ကလည်း အတူတူပါပဲ။

"အကယ်၍ ကလပ်အသင်းဘက်ကသာ 'ငါတို့ သိပ်ပြီး မယုံကြည်တော့ဘူး' လို့ ပြောလာခဲ့ရင် အပြောင်းအလဲတစ်ခု လုပ်လိုက်တာက ပိုကောင်းပါလိမ့်မယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။