The network connection is lost.

Banner Image

ဂရစ်ဇ်မန်းကိုခေါ်ယူဖို့ မေဂျာလိဂ်ကလပ်အော်လန်ဒိုစီးတီးအသင်း ဆွေးနွေးနေ

အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့်ဂရစ်ဇ်မန်းကို ခေါ်ယူဖို့အတွက် အော်လန်ဒိုစီးတီးအသင်း ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ The Athletic သတင်းဌာနမှ ဖော်ပြထားပါတယ်။

လက်ရှိအချိန်အထိ နှစ်ဦးနှစ်ဖက်သဘောတူညီမှု မရရှိသေးပေမဲ့ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂရစ်ဇ်မန်းက အော်လန်ဒိုအသင်းရဲ့အဓိကပစ်မှတ်ဖြစ်နေပြီး အသင်းမှာ လစ်လပ်နေတဲ့ Designated Player နေရာအတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အမေရိကန်မေဂျာလိဂ် (MLS)ဆီ ဂရစ်ဇ်မန်းပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေ အတန်ကြာထွက်ပေါ်ခဲ့ဖူးပြီး ပရိသတ်တွေကိုယ်တိုင်လည်း LAFC အသင်းမှာ ပြင်သစ်လက်ရွေးစင်အသင်းဖော်ဟောင်း ဟူဂိူလိုရစ်နဲ့ ပြန်လည်ဆုံတွေ့လိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။

ဒီပြင်သစ်ကစားသမားက အက်သလက်တီကိုမက်ဒရစ်အတွက် ပြိုင်ပွဲစုံဂိုး ၂၀၀ ကျော် သွင်းယူပေးထားပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့ကစားသမားလည်း ဖြစ်ပါတယ်။ သူ့ရဲ့အပြောင်းအရွှေ့အမှန်တကယ်ပေါ်ပေါက်လာမယ်ဆိုရင် မကြာသေးမီနှစ်တွေအတွင်း မြောက်အမေရိကဒေသဆီ ရောက်ရှိလာတဲ့ ကမ္ဘာကျော်စူပါစတားတွေအနက် နောက်ထပ်တစ်ဦး ဖြစ်လာပါလိမ့်မယ်။

အော်လန်ဒိုစီးတီးက သူတို့ရဲ့ ၂၀၂၆ ခုနှစ် MLS ရာသီသစ်အဖွင့်ပွဲစဉ်မှာ Red Bull နယူးယောက်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး စိတ်ပျက်စရာရလဒ်နဲ့ စတင်ခဲ့ရပါတယ်။ ဒါပေမဲ့ လာမယ့်ရက်ပိုင်းအတွင်း ဂရစ်ဇ်မန်းကို အပြီးသတ်ခေါ်ယူနိုင်မယ်ဆိုရင် ရာသီအစပိုင်းမှာ အသင်းအတွက် ခွန်အားတစ်ရပ် ဖြစ်လာပါလိမ့်မယ်။