The network connection is lost.

Banner Image

မက်ဆီနဲ့သူနဲ့ကြားကဆက်ဆံရေးမှာ အဖုအထစ်တွေရှိနေဆဲဖြစ်တယ်လို့ဖွင့်ဟလာတဲ့ ဂျိုအန်လာပေါ်တာ

ဘာစီလိုနာဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာက လီယွန်နယ်မက်ဆီနဲ့ သူ့ကြားက ဆက်ဆံရေးဟာ အဖုအထစ်တွေ ရှိနေဆဲပဲလို့ ဝန်ခံပြောကြားခဲ့ပါတယ်။အင်တာမိုင်ယာမီ ကြယ်ပွင့် မက်ဆီဟာ PSG အသင်းကို မပြောင်းရွှေ့ခင်မှာ ဘာစီလိုနာကလပ်ကနေ ထွက်ခွာခဲ့ရတဲ့ ပုံစံကြောင့် လာပေါ်တာကို အခုထိ ခွင့်မလွှတ်နိုင်သေးတာ ဖြစ်ပါတယ်။

လာပေါ်တာက ၂၀၂၃ ခုနှစ် Ballon d'Order ဆုပေးပွဲတုန်းက ဖြစ်ပျက်ခဲ့တဲ့ အဓိက အဖြစ်အပျက်တစ်ခုကို ဒီနေ့မနက်မှာ ထုတ်ဖော်ပြောပြလာပါတယ်။

"Ballon d'Or ဆုပေးပွဲတုန်းက ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။ ကျွန်တော်က သူ့ကို သွားပြီး နှုတ်ဆက်ဖို့ လုပ်ပေမဲ့ သူကတော့ ကျွန်တော်တို့ အချင်းချင်း နှုတ်မဆက်သင့်ဘူးလို့ ဆုံးဖြတ်ခဲ့ပုံရတယ်" လို့ သူက ပြန်ပြောင်းပြောပြခဲ့ပါတယ်။

အဲ့ဒီအပြုအမူက သူတို့နှစ်ဦးကြားက ပိုမိုဝေးကွာသွားတဲ့ အခြေအနေကို ပေါ်လွင်စေခဲ့ပြီး သူတို့ရဲ့ ဆက်ဆံရေး ပျက်စီးသွားပြီဆိုတာကို အဆုံးသတ် အတည်ပြုလိုက်သလို ဖြစ်ခဲ့ပါတယ်။

အဲ့ဒီအဖြစ်အပျက်ပြီးနောက်ပိုင်းမှာ ပြန်လည်သင့်မြတ်ဖို့ ကြိုးစားမှုတချို့ ရှိခဲ့ပေမဲ့ အခုထက်ထိတော့ တိကျတဲ့ အောင်မြင်မှုမျိုး မရရှိသေးဘူးလို့ လာပေါ်တာက ဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အရင်လို မဟုတ်တော့ပါဘူး" လို့ သူက ဝန်ခံခဲ့ပေမဲ့ နောင်တစ်ချိန်မှာ ပြန်လည်အဆင်ပြေလာနိုင်မယ့် လမ်းစကိုတော့ ချန်ထားခဲ့ပါတယ်။

ဒါတွေအားလုံးကြားထဲကပဲ သူက ဘာစီလိုနာကစားသမားဟောင်းအပေါ် ထားရှိတဲ့ လေးစားမှုနဲ့ အားကျမှုကိုတော့ "ဆက်ဆံရေးက ပျက်စီးသွားပေမဲ့ သူဟာ ဘာစီလိုနာရဲ့ ဂန္ထဝင်တစ်ဦးပါပဲ" လို့ အလေးအနက်ထား ပြောကြားသွားခဲ့ပါတယ်။