The network connection is lost.

Banner Image

ဝုလ်ဗ်ကိုအနိုင်ရခဲ့လို့ စိတ်သက်သာရာရမိကြောင်း ဖွင့်ဟလာတဲ့ ဂလက်စနာ

တနင်္ဂနွေနေ့က ဝုလ်ဗ်အသင်းကို ၁-ဝ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စနာက အခုလို အနိုင်ရခဲ့တဲ့အတွက် တကယ့်ကို စိတ်သက်သာရာရမိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

Selhurst Park ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲစဉ်ရဲ့ မိနစ် ၉၀ မှာ အီဗန်ဂက်စ်ဆန် က အနိုင်ဂိုးသွင်းယူပေးခဲ့တာကြောင့် ပဲလေ့စ်အသင်းဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် အိမ်ကွင်းနိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။

"ပွဲကြည့်နေတဲ့သူတိုင်း ကျွန်တော်တို့ ပထမပိုင်းမှာ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေသလဲဆိုတာကို မြင်တွေ့ရမှာပါ။ ကျွန်တော်တို့တွေ အမှားအယွင်းလေးတွေ အများကြီးလုပ်မိခဲ့တယ်၊ ဒါပေမဲ့ ဂိုးသမားက ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တာက တကယ့်ကို အရေးပါတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်" လို့ ဂလက်စနာက ပြောပါတယ်။

၎င်းက ဆက်လက်ပြီး "ဒါကြောင့် ဒုတိယပိုင်း မစခင်မှာ ကျွန်တော်တို့ ဂိုးမပေးရအောင် အရင်ထိန်းကစားမယ်လို့ ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဂိုးပြန်သွင်းနိုင်တဲ့ အနေအထားမှာ ရှိနေလို့ပါ။ ပြီးတော့ ရိုးရိုးရှင်းရှင်းပဲ ကစားဖို့နဲ့ ပြိုင်ဘက်ခံစစ်ရဲ့ အနောက်ဘက်ထဲအထိ ထိုးဖောက်ကစားကြဖို့လည်း မှာကြားခဲ့ပါတယ်" လို့ ဆိုပါတယ်။

အဲဒီနောက် လူစားဝင်လာတဲ့ အီဗန်က ပွဲကို အဆုံးအဖြတ်ပေးနိုင်ခဲ့ပြီး အသင်းအပေါ် အကျိုးသက်ရောက်မှု အများကြီး ရှိခဲ့ပါတယ်။

"ပြိုင်ဘက်အသင်းက အနီကတ်ပြခံရတာကလည်း ကျွန်တော်တို့ကို အထောက်အကူဖြစ်စေခဲ့ပြီး ဒီနေ့ပွဲမှာ ကောင်းမွန်တဲ့ အချက်တွေ အများကြီး ရှိခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဒီနိုင်ပွဲကို ရဖို့အတွက် နောက်ဆုံးအချိန်အထိ အားပေးတွန်းအားပေးခဲ့ကြတာက တကယ့်ကို ကြီးမားတဲ့ အားအင်တစ်ခုပါပဲ။ ဒါဟာ တကယ့်ကို ကြီးမားတဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်ပါတယ်"

"ဒီနေ့မှာ ကျွန်တော်တို့ အားလုံး အရမ်းပျော်နေကြပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် အကြီးအကျယ် စိတ်သက်သာရာရစေတဲ့ ရလဒ်ပါပဲ" လို့ ဂလက်စနာက ပြောကြားခဲ့ပါတယ်။