The network connection is lost.

Banner Image

လိဒ်စ်သို့ပြောင်းရွှေ့တော့မယ်လို့ အသိပေးလာတဲ့ ယူနိုက်တက်လူငယ်ကြယ်ပွင့် ဝေါ်လ်ကာ

လိဒ်စ် ယူနိုက်တက်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမားလေး အယ်လ်ဖီဝေါ်လ်ကာကို ခေါ်ယူတော့မှာ ဖြစ်ပါတယ်။

ဝေးလ်လူငယ်ကွင်းလယ်လူကို ယူနိုက်တက်ဘက်က ပညာသင်ဆုစာချုပ် ထပ်မံကမ်းလှမ်းတော့မှာ မဟုတ်တာကြောင့် အခုရာသီကုန်မှာ လိဒ်စ် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့သွားမှာပါ။

ဂျေဂျေဂေးဘရီရယ်နဲ့ ကိုင်ရွန်းနီတို့ရဲ့ အသင်းဖော်ဖြစ်တဲ့ အယ်လ်ဖီဝေါ်လ်ကာက "ဒီကလပ်မှာ ၉ နှစ်ကြာအောင် နေထိုင်ခဲ့ပြီးနောက်မှာတော့ အခုရာသီဟာ ကျွန်တော့်အတွက် နောက်ဆုံးရာသီ ဖြစ်လာပါတော့မယ်" လို့ လူမှုကွန်ရက်ကတစ်ဆင့် အသိပေးခဲ့ပါတယ်။

"အခုလိုအဆင့်တစ်ခုအထိ ရောက်လာအောင် ကူညီပေးခဲ့ကြတဲ့ ဝန်ထမ်းတွေနဲ့ ကစားဖော်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မှာ အမှတ်တရကောင်းတွေနဲ့ သူငယ်ချင်းကောင်းတွေ အများကြီး ရခဲ့ပေမဲ့ နောက်ထပ် စိန်ခေါ်မှုအသစ်တွေနဲ့ ဘဝရဲ့ အခန်းကဏ္ဍသစ်အတွက်လည်း တကယ်ကို စိတ်လှုပ်ရှားနေပါတယ်" လို့ သူက ဆိုပါတယ်။