စပိန်မြေမှာ ရှုံးပွဲကြုံခဲ့ပြန်တဲ့ ယူနိုက်တက်
အက်သလက်တီကိုမက်ဒရစ် ၂-၀ မန်ချက်စတာယူနိုက်တက် (ပွဲပြီးရလဒ်)
လတ်တလောရလဒ်တွေ ယိမ်းယိုင်နေတဲ့ ယူနိုက်တက်အတွက် အခုချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာလည်း ရှုံးနိမ့်သွားခဲ့လို့ ဖိအားတွေ များပြားလာခဲ့ပါပြီ။ အခုပွဲစဉ်စစချင်းမှာပဲ အက်သလက်တီကိုက ဘာရီယော့ရဲ့ဦးဆောင်ဂိုးနဲ့အတူ ပြိုင်ဘက်အပေါ် အသာစီးရယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း ယူနိုက်တက်က ခံစစ်မှူးယိုရိုကို တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ဖြင့် လက်လွှတ်ခဲ့ရသလို လူစားဝင်ကစားသမားလွတ်ခ်မန်းရဲ့နောက်ထပ်ဦးဆောင်ဂိုးကိုပါ ခွင့်ပြုပေးလိုက်ရလို့ ပြန်လာနိုင်ဖို့ ခက်ခဲသွားခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာတော့ အိမ်ရှင်တွေကပဲ ရလဒ်ကို ထိန်းသိမ်းကစားသွားပြီး လိုအပ်နေတဲ့ နိုင်ပွဲတစ်ခု ဖော်ဆောင်သွားခဲ့ပါတယ်။