Estádio da Luz မှာ ရှုံးကြွေးပြန်ဆပ်သွားတဲ့ ရီးရဲလ်မက်ဒရစ်
ဘင်ဖီကာ ဝ-၁ ရီးရဲလ်မက်ဒရစ် (ပွဲပြီးရလဒ်)
ပေါ်တူဂီမြေ၊ ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပထမအကျော့မှာ နှစ်ဖက်အသင်းအကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုတွေနဲ့အတူ စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ အခုပွဲစဉ်အတွင်း အိမ်ရှင်တွေကို ဧည့်သည်တွေက ခြေစွမ်းပိုင်းအသာစီးရယူကစားခဲ့ပြီး အဆုံးအဖြတ်အနိုင်ဂိုးကိုလည်း ဒုတိယပိုင်းပွဲချိန်အစောပိုင်းမှာ ဗင်နီးစီးယက်စ်က ဝေ့ဝိုက်ကန်ချက်ဖြင့် လှလှပပကန်သွင်းရယူခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် အပြင်းအထန်စောဒကတက်တဲ့ ဘင်ဖီကာအသင်းဝါရင့်နည်းပြကြီးမော်ရင်ဟို နှစ်ဝါတစ်နီပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံရပြီး ဒုတိယအကျော့၊ ဘာနေဗျူးကွင်းပွဲစဉ်ကို လွဲချော်ဖို့ ရှိလာပါတယ်။