ဘင်ဖီကာကြယ်ပွင့်ကိုခေါ်ယူဖို့ အခွင့်အရေးရှိလာတဲ့ ဘာစီလိုနာ
အန်ဒရီရပ်စ် ရှယ်လ်ဒရပ်ပ်ကို ဝယ်ယူနိုင်မယ့် အခွင့်အရေးရှိလာတဲ့အပေါ် ဘာစီလိုနာအသင်းက သတိပြုမိနေပါတယ်။
ဘင်ဖီကာအသင်းဟာ သူတို့ရဲ့ တောင်ပံကစားသမား ရှယ်လ်ဒရပ်ပ်ကို ရောင်းထုတ်ဖို့ လမ်းဖွင့်ပေးလိုက်သလို ဘာစီလိုနာအသင်းကိုလည်း အခြေအနေတွေကို အသိပေးထားတယ်လို့ သတင်းတွေအရ သိရပါတယ်။
အစီရင်ခံစာတချို့မှာတော့ ဘာစီလိုနာဟာ မားကတ်စ် ရက်ရှ်ဖို့ဒ်ရဲ့ နေရာမှာ အစားထိုးနိုင်မယ့်သူအဖြစ် အသက် ၂၁ နှစ်အရွယ် ကစားသမားလေးကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ ဖော်ပြထားပါတယ်။
Diario Sport ရဲ့ ဖော်ပြချက်အရ ဘင်ဖီကာဟာ လာမယ့်နွေရာသီမှာ သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးသာ ရရှိခဲ့မယ်ဆိုရင် ရှယ်လ်ဒရပ်ပ်ကို ရောင်းထုတ်ဖို့ ပိုပြီး လမ်းဖွင့်ပေးလာတာဖြစ်ပါတယ်။
ရှယ်လ်ဒရပ်ပ်ဟာ ဟိုဆေးမော်ရင်ဟိုရဲ့ အသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး ၃၉ ပွဲ ကစားထားရာမှာ ၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားပါတယ်။