The network connection is lost.

Banner Image

အသင်းဖော်ဒမ်ဘီလီရဲ့ဝေဖန်ပြောဆိုမှုတွေကို တုံ့ပြန်လာတဲ့ ဂျာအိုနီဗက်စ်

ပီအက်စ်ဂျီကွင်းလယ်လူဂျာအိုနေးဗက်စ်က ရက်နက်စ်နဲ့ပွဲစဉ်အပြီး အသင်းဖော်ဒမ်ဘီလီရဲ့ ပြင်းထန်တဲ့ ဝေဖန်ပြောဆိုချက်တွေအပေါ် ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးဒမ်ဘီလီက ပြီးခဲ့တဲ့သောကြာနေ့လီဂူးဝမ်းပွဲစဉ်မှာ ရန်းနက်စ်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သူ့ရဲ့မကျေနပ်ချက်တွေကို အားမနာတမ်းဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဒမ်ဘီလီက သူ့ရဲ့အသင်းဖော်တွေကို ရည်ရွယ်ပြီး "အဓိကကတော့ ပွဲတွေကိုအနိုင်ယူဖို့အတွက် ကျွန်တော်တို့အားလုံး ပီအက်စ်ဂျီအတွက်ပဲ ကစားပေးရပါမယ်၊ ကွင်းထဲမှာ တစ်ယောက်တစ်မျိုးစီလျှောက်ကစားနေရင် အလုပ်ဖြစ်မှာမဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့က ကိုယ့်အကျိုးထက် ကလပ်အသင်းအတွက်ပဲ အရာရာကို ရှေ့တန်းတင်ထားခဲ့ကြပါတယ်။ အခုလည်း အဲဒီလိုစိတ်ဓာတ်မျိုးပြန်ရှိနေဖို့ လိုပါတယ်။ ကိုယ့်အကြောင်းကိုယ်မစဉ်းစားခင် အသင်းအတွက်ပဲ အရင်ဆုံးအလေးထားကစားပေးရပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။

အခုလို ဒမ်ဘီလီရဲ့ပြောဆိုမှုကို အသက်-၂၁ နှစ်အရွယ် ဂျာအိုနီဗက်စ်က မိုနာကိုနဲ့ရင်ဆိုင်ရမယ့် ပြင်သစ်ဒါဘီချန်ပီယံလိဂ်ပလေးအော့ဖ်ရှုံးထွက်ပွဲစဉ်မတိုင်ခင် ပြန်လည်တုံ့ပြန်လာပါတယ်။


"အဝတ်လဲခန်းထဲမှာ အခြေအနေတွေက အားလုံးအဆင်ပြေပါတယ်။ ကစားသမားတွေကလည်း ယုံကြည်မှုအပြည့်ရှိနေသလို စိတ်ဓာတ်တွေကလည်း တက်ကြွနေပြီး မနက်ဖြန်ပွဲအတွက် အဆင်သင့်ပါပဲ။ ဒမ်ဘီလီ ပြောခဲ့တဲ့အကြောင်းကိုလည်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ သူအဓိကထားပြောချင်တာက ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့တွေ အသင်းလိုက်စုစုစည်းစည်းကစားခဲ့တာကို ဆိုလိုတာလို့ ထင်ပါတယ်။ ဒါဟာ ပီအက်စ်ဂျီရဲ့အဓိကအားသာချက်တွေအနက် တစ်ခုဖြစ်ပြီး အခုလည်း ပွဲတိုင်းမှာ ကျွန်တော်တို့တွေ အဲ့ဒီလိုမျိုးပဲ ကစားနေကြတာပါ။ သူက ဒါကိုပဲထောက်ပြချင်တာလို့ ကျွန်တော်ယူဆပါတယ်" လို့ နီဗက်စ်က ဆိုပါတယ်။

ဒါ့အပြင် နီဗက်စ်က "တကယ်လို့ ကျွန်တော်တို့အချင်းချင်း တစ်ဦးဦးကိုပြောစရာရှိတယ်ဆိုရင် မျက်နှာချင်းဆိုင်ပဲ တိုက်ရိုက်ပြောဆိုကြပါတယ်"လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။