The network connection is lost.

Banner Image

မက်တိုမီနေးကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် စတင်ဆွေးနွေးနေတဲ့ နာပိုလီ

နာပိုလီအသင်းက အဓိကကွင်းလယ်ကစားသမားမက်တိုမီနေးရဲ့ကိုယ်စားလှယ်တွေနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေ စတင်နေပြီလို့ သတင်းတွေအရ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ်မက်တော်မီနေးက ၂၀၂၄ ခုနှစ်၊ မန်ချက်စတာယူနိုက်တက်မှ နာပိုလီဆီ ပြောင်းရွှေ့လာပြီးနောက်ပိုင်း စီးရီးအေရဲ့အကောင်းဆုံးကွင်းလယ်လူတစ်ဦးအဖြစ် သတ်မှတ်ခံရလောက်အောင်အထိ ခြေစွမ်းပြသခဲ့ပါတယ်။

အခုလိုခြေစွမ်းတွေကြောင့် စကော့တလန်လက်ရွေးစင်ကစားသမားကို ပရီးမီးယားလိဂ်ဆီ ပြန်လည်ခေါ်ယူမယ်ဆိုတဲ့သတင်းတွေ အပြင်းအထန်ထွက်ပေါ်နေပေမဲ့ နာပိုလီအသင်းကတော့ သူ့ကို အသင်းမှာ ဆက်လက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။

Corriere dello Sport သတင်းစာရဲ့ဖော်ပြချက်အရ အီတလီမှာ နာပိုလီအားကစားဒါရိုက်တာဂျီယိုဗာနီမန်နာနဲ့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူကိုလင်မာဒေါ့ခ်တို့ အရေးကြီးတွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မက်တိုမီနေးရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၈ ခုနှစ်အထိ ရှိနေပြီး နာပိုလီအသင်းဘက်ကတော့ စာချုပ်သက်တမ်းကို နောက်ထပ် ၂ နှစ်လောက်အထိ ထပ်မံတိုးမြှင့်ဖို့ လိုလားနေပါတယ်။