The network connection is lost.

Banner Image

ဟမ်းဘတ်ရဲ့ထူးခြားပြောင်မြောက်မှုအတွက် နည်းပြပိုလ်ဇင် ဝမ်းသာပီတိဖြစ်နေ

ဟမ်းဘတ်က ပြီးခဲ့တဲ့စနေနေ့မှာ ယူနီယံဘာလင်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အခုဘောလုံးရာသီအတွက် ပထမဆုံးအကြိမ်အဖြစ် နှစ်ပွဲဆက်အနိုင်ရရှိမှုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဘွန်ဒက်လီဂါ ပွဲစဉ် ၂၂ မှာ ဟမ်းဘတ်က ယူနီယံဘာလင်ကို ဦးဆောင်ဂိုးတွေပေးထားရာမှ နောက်မှလိုက်ကစားပြီး အနိုင်ယူခဲ့ပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ ဘိုင်ယန်မြူးနစ်နဲ့ ၂-၂ ဂိုးစီ သရေကျခဲ့တဲ့ အထင်ကြီးစရာပွဲစဉ်အပြီး အခုလိုနိုင်ပွဲဆက်မှုကို ဟမ်းဘတ်တို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

“ကျွန်တော်တို့ ပွဲကိုကောင်းကောင်းစတင်နိုင်ခဲ့ပေမဲ့ ယူနီယံဘာလင်က ကျွန်တော်တို့ကို တော်တော်လေး အခက်တွေ့အောင် လုပ်နိုင်ခဲ့ပါတယ်၊ အဲဒါကိုလည်း ကျွန်တော်တို့ ခံစားမိပါတယ်။ ပွဲအပြီးသတ်ခါနီးမှာတော့ ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပိုပြီး ရင်ခုန်စရာကောင်းသွားခဲ့တယ်” လို့ နည်းပြချုပ် မာလင်ပိုလ်ဇင်က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက “၁၈၈၇ ကြိမ်မြောက် ဘွန်ဒက်လီဂါပွဲစဉ်အထိမ်းအမှတ်အဖြစ် အခုပွဲစဉ်ကို ကျွန်တော်တို့ အနိုင်ရရှိချင်ခဲ့ပါတယ်။ အခုလိုနိုင်ပွဲရရှိတာလည်း တကယ်ကို ထူးခြားပါတယ်။ နောက်ဆုံးမှာတော့ အိမ်ကွင်းနိုင်ပွဲတစ်ခုထပ်ရရှိခဲ့လို့ ကျွန်တော် အလွန်ပဲဝမ်းသာမိပါတယ်” လို့ ဆိုပါတယ်။

ဒီပွဲစဉ်က ဟမ်းဘတ်အသင်းရဲ့ ၁၈၈၇ ကြိမ်မြောက်ဘွန်ဒက်စ်လီဂါပွဲစဉ်ဖြစ်ပြီး ဒါဟာ အသင်းစတင်တည်ထောင်တဲ့ခုနှစ် ၁၈၈၇ ခုနှစ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တန်းတက်ဟမ်းဘတ်က လာမယ့်သောကြာနေ့မှာ မိန့်ဇ်နဲ့အဝေးကွင်းပွဲစဉ်ကို ဆင်နွှဲရဖို့ရှိနေပြီး နိုင်ပွဲဆက်မှတ်တမ်းကို ထိန်းသိမ်းဖို့ အခွင့်အရေးကောင်းတွေ ရရှိထားပါတယ်။