The network connection is lost.

Banner Image

ဟမ်းဘတ်ဆီ ဖေဘီယိုဗီအဲရာ ထွက်ခွာသွားပြီလို့ အာဆင်နယ် အတည်ပြု

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ်အသင်းဟမ်းဘတ်ဆီ အပြီးသတ်ပြောင်းရွှေ့ဖို့အတွက် ဖေဘီယိုဗီအဲရာ ထွက်ခွာသွားခဲ့ပြီလို့ အာဆင်နယ်အသင်းက အတည်ပြုကြေညာခဲ့ပါတယ။်

Sky Sports ရဲ့ဖော်ပြချက်အရ ဒီကွင်းလယ်လူအတွက် အပြောင်းအရွှေ့တန်ကြေး ပေါင် ၇ ဒဿမ ၇ သန်း ရှိတယ်လို့ သိရပါတယ်။

ဂန်းနားတွေက ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း ဗီအဲရာကို ပေါ်တိုမှ ပေါင် ၃၄ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကို ဂျာမန်ကလပ်အသင်းဆီမှာ အငှားကစားသမားအဖြစ် ဖြတ်သန်းခဲ့ပြီး အခုတော့ အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပါတယ်။

သူက ဘွန်ဒက်စ်လီဂါ ၂၉ ပွဲကစားရာမှာ ခုနစ်ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုငါးကြိမ်ပြုလုပ်ကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ထုတ်ပြန်ချက်မှာ "အသင်းမှာရှိနေသူတိုင်းက ဗီအဲရာရဲ့ကလပ်အသင်းအတွက် ပေးဆပ်ခဲ့မှုတွေအပေါ် ကျေးဇူးတင်ရှိပြီး သူနဲ့သူ့မိသားစုအတွက် အနာဂတ်မှာ အစစအရာရာ အဆင်ပြေအောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်" လို့ ဖော်ပြထားပါတယ်။