The network connection is lost.

Banner Image

အခုဘောလုံးရာသီအတွက် စိတ်တိုင်းအကျဆုံးကစားသမားသစ်ခေါ်ယူမှုနှစ်ခုအကြောင်း ဖွင့်ဟလာတဲ့ ဝိန်းရွန်းနီ

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီက ဆန်းဒါးလန်းအသင်းခေါင်းဆောင်ဇာခါကို ပရီးမီးယားလိဂ်ရဲ့ အခုရာသီ၊ အကောင်းဆုံးကစားသမားသစ်ခေါ်ယူစုဆောင်းမှုအဖြစ် သတ်မှတ်လိုက်ပါတယ်။ လေဗာကူဆင်မှ ဆန်းဒါးလန်းဆီရောက်ရှိလာတဲ့ ဆွစ်ဇာလန်ကွင်းလယ်လူကို လီဗာပူးရဲ့အီကီတီကီနဲ့အတူ အခုဘောလုံးရာသီရဲ့ အကောင်းဆုံးအင်အားဖြည့်တင်းမှုအဖြစ် ပူးတွဲရပ်တည်နေတယ်လို့ ဝိန်းရွန်းနီက ဆိုပါတယ်။

"The Wayne Rooney Show" အစီအစဉ်မှာ ရူနီက "အီကီတီကီနဲ့ ဆန်းဒါးလန်းရဲ့ဇာခါတို့က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခေါ်ယူမှုတွေ ဖြစ်နိုင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ "အီကီတီကီကစားတာကို ကြည့်ရတာ ကျွန်တော် တကယ်သဘောကျပါတယ်။ အထူးသဖြင့် နယူးကာဆယ်နဲ့ပွဲမှာ သူသွင်းခဲ့တဲ့ ဒုတိယဂိုးက တကယ့်ကို ပြောင်မြောက်လွန်းပါတယ်။ အဲဒီဂိုးက ကျွန်တော့်အတွက် ရိုမာရီယိုကို သတိရစေတယ်။ ခြေဖျားနဲ့တို့ထိသွင်းလိုက်တဲ့ ဂိုးမျိုးဖြစ်ပေမဲ့ ဒါဟာ ပါရမီပါတဲ့ တုံ့ပြန်မှုမျိုးပါပဲ" လို့ ဆိုပါတယ်။

ဆက်လက်ပြီး ရွန်းနီက "သူက ကျွန်တော်ကြည့်ရတာ နှစ်သက်တဲ့ကစားသမားမျိုးပါ။ သူက တိုက်စစ်မှူးစစ်စစ်လည်းမဟုတ်သလို ကွင်းလယ်ဖန်တီးရှင်လည်း မဟုတ်ပါဘူး။ သူက တောင်ပံဘက်ကို ထွက်ကစားတတ်တယ်၊ ဘောလုံးကို ကိုင်တယ်၊ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားသလို ဂိုးတွေလည်း သွင်းနိုင်တယ်။ ဒါကြောင့် သူက အရာအားလုံးပြည့်စုံတဲ့ ကစားသမားတစ်ဦးပါပဲ" လို့ ပြောကြားသွားခဲ့ပါတယ်။