The network connection is lost.

Banner Image

လန်ဒန်မြေမှာ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပြီး နိုင်ပွဲဆက်မှတ်တမ်း ရပ်တန့်သွားတဲ့ သရဲနီ

ဝက်စ်ဟမ်း ၁-၁ ယူနိုက်တက် (ပွဲပြီးရလဒ်)

အခုပွဲစဉ်အတွင်း အိမ်ရှင်ဝက်စ်ဟမ်းရော၊ ခြေတက်နေတဲ့ယူနိုက်တက်ပါ နည်းဗျူဟာပိုင်းယှဉ်ပြိုင်မှုတွေနဲ့အတူ အကောင်းဆုံးရင်ဆိုင်ကစားသွားကြပါတယ်။ ဒီပွဲစဉ်အတွက် အဖွင့်ဂိုးကို ဒုတိယပိုင်းပွဲချိန်အစမှာ ဘိုဝင်ရဲ့ဖန်တီးပေးမှုမှတဆင့် ဆူချက်က သွင်းယူခဲ့ပြီး ယူနိုက်တက်အတွက်ချေပဂိုးကိုတော့ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ အမ်ဘွေမိုရဲ့ဖြတ်တင်ဘောပေးပို့မှုမှတဆင့် လူစားဝင်တိုက်စစ်မှူးဆက်စ်ကိုက သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်သရေတစ်မှတ်ကြောင့် ချဲလ်ဆီးတို့နိုင်ပွဲပျောက်ဆုံးချိန် အမှတ်ပေးဇယားအဆင့်-၄ နေရာကို ကာရစ်ရဲ့အသင်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။