ဒိုင်ဘားလားနဲ့ လမ်းခွဲရတော့မယ့် အခြေအနေကို အေအက်စ်ရိုးမားအသင်း ပြင်ဆင်နေ
အီတလီစီးရီးအေ ကလပ် အေအက်စ်ရိုးမား အသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်ကစားသမား ဖြစ်သူ ပါလိုဒို်ဘားလားငိူ ဒီရာသီအကုန်မှာ လက်လွှတ်ရတော့မယ့် အခြေအနေကို စတင် လက်ခံနေပြီလို့ သိရပါတယ်။
လာမယ့် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အာဂျင်တီးနား ကြယ်ပွင့် ဒို်ဘားလားကို ရိုးမားဘက်က လာမယ့်ရာသီမှာ ဆက်ထိန်းထားချင်ပေမယ့် အသင်းမှာ ဆက်နေဖို့ဆိုရင်တော့ လစာငွေ အမြောက်အမြား လျှော့ချမှုကို မဖြစ်မနေ လက်ခံရမှာ ဖြစ်ပါတယ်။
အီတလီ အားကစားသတင်းစာ လာဂါဇက်တာဒယ်လိုစပို့ရဲ့ ဖော်ပြချက်အရ လက်ရှိမှာ ဒီဘားလားဟာ အပိုဆုကြေးတွေ အပါအဝင် တစ်နှစ်ကို လစာ ယူရို ၈ ဒသမ ၅ သန်းအထိ ရရှိနေတာပါ။
ဒါပေမဲ့ အသင်းစီမံခန့်ခွဲမှုပိုင်းကတော့ လက်ရှိမှာ အသင်းရဲ့ လစာအမြင့်ဆုံး သတ်မှတ်ချက်ကို တစ်နှစ်ကို ယူရို ၄ သန်းအထိပဲ ကန့်သတ်ထားဖို့ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ထားပါတယ်။
ဒါဟာ ဒို်ဘားလားအနေနဲ့ အသင်းမှာ ဆက်ရှိနေချင်ရင် လက်ရှိရရှိနေတဲ့ လစာရဲ့ ၅၀ ရာခိုင်နှုန်းကျော်အထိ လျှော့ချခံရမယ့် သဘောလည်း ဖြစ်ပါတယ်။
ရိုးမားအသင်းဟာ ဒိုင်ဘားလားကို အသင်းရဲ့ အမြင့်ဆုံး လစာနှုန်းထားဖြစ်တဲ့ တစ်နှစ် ယူရို ၄ သန်းနဲ့ အနာဂတ် အပိုဆုကြေးတွေ ပေါင်းစပ်ထားတဲ့ စာချုပ်သစ်တစ်ခု ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။
တစ်ဖက်မှာလည်း စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ လော်ရန်ဇိုပယ်လီဂရီနီကိုတော့ တစ်နှစ်ကို ယူရို ၃ သန်းနဲ့ အပိုဆုကြေးတွေ ပေးပြီး သက်တမ်းတိုးဖို့ စီစဉ်နေတာကြောင့် ဒီဘားလားထက်စာရင် ပယ်လီဂရီနီက အသင်းမှာ ဆက်ရှိနေဖို့ အခွင့်အရေး ပိုများနေတယ်လို့ ယူဆရပါတယ်။
လက်ရှိမှာတော့ ဒိုင်ဘားလားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ ရှိနေပြီး အာဂျင်တီးနား ကလပ် ဘိုကာဂျူနီယာအသင်းကလာည်းလာမယ့် နွေရာသီမှာ သူ့ကို အာဂျင်တီးနား မြေဆီ ပြန်လည်ခေါ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။