The network connection is lost.

Banner Image

အယ်လ်အစ်တီဟတ်အသင်းမှ ထွက်ခွာတော့မယ့် ဆာဂျီယိုကွန်စီကာအို

ပေါ်တိုနဲ့ အေစီမီလန်နည်းပြဟောင်းဆာဂျီယိုကွန်စီကာအိုက ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်အစ်တီဟတ်အသင်းမှ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

ပေါ်တူဂီအခြေစိုက် A Bola သတင်းစာရဲ့ဖော်ပြချက်အရ အသက် ၅၁ နှစ်အရွယ် ကွန်ဆီကာအိုက အယ်လ်အစ်တီဟတ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို စောစောစီးစီးပဲ အဆုံးသတ်သွားဖို့ သဘောတူညီထားတယ်လို့ သိရပါတယ်။
 
ဆော်ဒီပရိုလိဂ်ချန်ပီယံတိုက်ပွဲမှာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာရခြင်း ဖြစ်ပါတယ်။ 

ကွန်စီကာအိုက ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း လော်ရန့်ဘလန့်ရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာခဲ့ပြီး စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိနေသေးပါတယ်။
 
အယ်လ်အစ်တီဟတ်က အခုနှစ်ဘောလုံးရာသီမှာ ရမှတ် ၅၅ မှတ်ဖြင့် အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်သွားတဲ့ အယ်လ်နာဆာအသင်းနဲ့ ၃၁ မှတ်အထိ အပြတ်အသတ်ကွာဟခဲ့ပါတယ်။