The network connection is lost.

Banner Image

လူငယ်အကယ်ဒမီကစားသမားတွေ မြေတောင်မြှောက်ပေးခြင်းက မန်ချက်စတာယူနိုက်တက်ရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ မိုက်ကယ်ကားရစ် ပြောကြား

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ မိုက်ကယ်ကားရစ်က လူငယ်ကွင်းလယ်လူ ကိုဘီမိုင်နူးရဲ့ ခြေစွမ်းအပေါ် အလွန်ကျေနပ်အားရမိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကိုဘီမိုင်နူးဟာ မိုက်ကယ်ကားရစ် နည်းပြအဖြစ် တာဝန်ယူထားတဲ့ ကာလအတွင်းမှာ အသင်းရဲ့ အတောက်ပဆုံး ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့တာပါ။

ဒီကနေ့ ယှဉ်ပြိုင်ရမယ့် တော့တင်ဟမ်နဲ့ ပွဲစဉ်မတိုင်ခင်မှာ ကားရစ်က "ကိုဘီမိုင်နူးရဲ့ အရည်အချင်းနဲ့ သူ အသင်းကို ဘာတွေ ပေးစွမ်းနိုင်မလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့်လည်း သူ့ကို အသင်းလူစာရင်းထဲ ထည့်သွင်းဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ" လို့ ဆိုပါတယ်။

ကိုဘီမိုင်နူးဟာ အသင်းအတွက် အများကြီး စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ သူက ယုံကြည်နေတာပါ။ ကလပ်အသင်းရဲ့ ရှုထောင့်ကကြည့်ရင်လည်း အကယ်ဒမီထွက် ကစားသမားတွေကို ပထမအသင်းဆီ မြှင့်တင်ပေးပြီး အသင်းမှာပဲ ကစားသမားဘဝကို တစ်လျှောက်လုံး ဖြတ်သန်းစေတာဟာ အကောင်းဆုံး အခြေအနေဖြစ်တယ်လို့ ကားရစ်က ယူဆထားပါတယ်။

သူ့အနေနဲ့လည်း အသင်းမှာ အဲဒီလို အစဉ်အလာအတိုင်း ဖြတ်သန်းခဲ့တဲ့ ကစားသမားများစွာနဲ့အတူ ကစားခွင့်ရခဲ့ဖူးတာကြောင့် ဒါဟာ အသင်းအတွက် အလွန်အရေးကြီးတယ်လို့ ကားရစ်က ထောက်ပြခဲ့ပါတယ်။

မြူးနစ်လေယာဉ်ပျက်ကျမှု ဖြစ်စဉ်ကနေ စတင်ခဲ့တဲ့ အသင်းရဲ့ အခြေခံအုတ်မြစ်တွေဟာ လူငယ်တွေကို အခွင့်အရေးပေးတဲ့ အစဉ်အလာအပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။

ကိုဘီမိုင်နူးအပေါ် ဖိအားတွေ အများကြီး မပေးလိုပေမဲ့ သူဟာ လက်ရှိမှာ ထူးရှယ်ခြေစွမ်းပြနေပြီး ဒီအတိုင်း ဆက်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြဖြစ်သူက ပြောကြားခဲ့ပါတယ်။ အသင်းအနေနဲ့လည်း ဒီလိုမျိုး လူငယ်ကစားသမားတွေ အများကြီး ပေါ်ထွက်လာဖို့ကိုပဲ လိုလားနေတာပါ။

"လူငယ်ကစားသမားတွေကို အခွင့်အရေးပေးရတာထက် ပိုကောင်းတဲ့ ခံစားချက် မရှိပါဘူး။ သူဟာ ပြီးခဲ့တဲ့ အပတ်တွေအတွင်း ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး ရှေ့ဆက်ပြီးတော့လည်း ဒီလိုပဲ လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်" လို့ မိုက်ကယ်ကားရစ်က ဖွင့်ဟခဲ့ပါတယ်။