The network connection is lost.

Banner Image

ဗလင်စီယာနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပါက သူ့မှာပဲတာဝန်ရှိကြောင်း ဘီလ်ဘာအိုနည်းပြ ဗယ်ဗာဒီပြောကြား

အက်သလက်တစ် ဘီလ်ဘာအိုအသင်းရဲ့ နည်းပြဖြစ်သူ အာနက်စတို ဗယ်ဗာဒီက ယခုရာသီမှာ သူ့ရဲ့ရာထူးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ဖိအားတွေအောက် ရောက်ရှိနေတယ်ဆိုတာကို ဝန်ခံပြောကြားလိုက်ပါတယ်။

ဗယ်ဗာဒီဟာ ဗလင်စီယာအသင်းနဲ့ ရင်ဆိုင်ရမယ့် ကိုပါဒီရေး ကွာတားဖိုင်နယ် ပွဲစဉ်မတိုင်ခင်မှာ အခုလို မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ဘီလ်ဘာအိုအသင်းက အနိုင်ရရှိဖို့ ရာခိုင်နှုန်းများနေတာလည်းဖြစ်ပါတယ်။

၎င်းက "ကျွန်တော် ဒီအသင်းကို ရောက်ရှိလာကတည်းက ယခင်ဥက္ကဋ္ဌတွေနဲ့ လီဇာမာမှာရှိတဲ့ လူတွေရဲ့ ယုံကြည်မှုကို အမြဲတမ်း ရရှိခဲ့ပါတယ်။ ဒါဟာ ဘီလ်ဘာအိုအသင်းမှာ အစဉ်အလာတစ်ခုလို အာမခံချက်ရှိနေတဲ့ အရာမျိုးပါပဲ" လို့ ဆိုပါတယ်။

ဆက်လက်ပြီး "ကျွန်တော် နည်းပြဖြစ်နေလို့ပဲဖြစ်ဖြစ်၊ တခြားတစ်ယောက် ဖြစ်နေလို့ပဲဖြစ်ဖြစ် ဒါက အမြဲတမ်း ဒီလိုပါပဲ။ ဒါပေမဲ့ ဘောလုံးလောကမှာ အနိုင်ရရှိဖို့ လိုအပ်သလို ရလဒ်တွေကသာ အဆုံးအဖြတ်ပေးတာ ဖြစ်တယ်ဆိုတာကို ကျွန်တော် ကောင်းကောင်း နားလည်ထားပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။

အသင်းရဲ့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သူ အထူးတလည် ဂရုမစိုက်ဘဲ အကယ်၍ အနိုင်ရခဲ့ရင် အားလုံး အဆင်ပြေသွားမှာဖြစ်သလို ရှုံးနိမ့်ခဲ့ရင်တော့ နည်းပြသာ အပြစ်တင်ခံရမှာ ဖြစ်ကြောင်း၊ ဒါကိုလည်း သူကိုယ်တိုင် လက်ခံထားကြောင်း ဗယ်ဗာဒီက ပြောကြားခဲ့ပါတယ်။

လက်ရှိတွင် ဘီလ်ဘာအိုအသင်းဟာ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အသင်းရဲ့ အကူးအပြောင်းကာလဟာ အလွန်လျင်မြန်ခဲ့ပြီး မိမိတို့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို မေ့လျော့နေလို့ မရဘူးလို့လည်း ၎င်းက ဖြည့်စွက်ပြောဆိုပါတယ်။

"အမှတ်ပေးပြိုင်ပွဲက ရှည်လျားပါတယ်။ တစ်ခါတလေမှာ ဘာကြောင့် ပွဲတွေကို လက်လွှတ်လိုက်ရလဲဆိုတာ ရှင်းပြဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ဒါမျိုးတွေ ထပ်ခါတလဲလဲ ဖြစ်နေရင်တော့ တစ်ခုခု မှားယွင်းနေပြီဆိုတာကို ပြန်လည်ဆန်းစစ်ရပါတော့မယ်။ ဒါဟာ ကျွန်တော်တို့လို အသင်းမျိုးအတွက် အထိနာစေတဲ့ အားနည်းချက်တစ်ခုပါပဲ" လို့ ၎င်းက ဆိုပါတယ်။

ဗယ်ဗာဒီက သူဟာ အသင်းရဲ့ နည်းပြတစ်ယောက် ဖြစ်တာကြောင့် အခုဖြစ်ရပ်တွေအပေါ် တာဝန်ယူမှု အပြည့်ရှိကြောင်းလည်း အလေးအနက် ပြောကြားခဲ့ပါတယ်။

"ကျွန်တော်ဟာ အသင်းရဲ့ နည်းပြဖြစ်တာကြောင့် ဒီအတွက် တာဝန်ရှိတယ်လို့ ခံစားရပါတယ်" လို့ ဗယ်ဗာဒီက ၎င်းရဲ့ တာဝန်ယူမှုကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။