The network connection is lost.

Banner Image

အင်တာမီလန်ကို ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ်ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့တဲ့ အာဆင်နယ်

အင်တာမီလန် ၁ - ၃ အာဆင်နယ် (ပွဲပြီးရလဒ်)

အာဆင်နယ်အသင်းဟာ အင်တာမီလန်ကို ဆန်စီရိုမှာ ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ်ရာနှုန်းပြည့်နိုင်ပွဲဆက်နိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာကတည်း နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်မှုတွေကြည့်ကောင်းခဲ့ပြီး သွင်းဂိုးတွေလည်းမြင်တွေ့ခဲ့ရပါတယ်။
အာဆင်နယ်က ဂျီးဆပ်စ်ရဲ့သွင်းဂိုးတွေနဲ့အတူ ပွဲပြီးခါနီး ယောကရက်စ်ရဲ့သွင်းဂိုးကြောင့် အင်တာမီလန်ကို ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ်မှာ ၁၀၀%နိုင်ပွဲရယူထားနိုင်ခဲ့ပါတယ်။
အင်တာမီလန်ကတော့ ထိပ်ဆုံး၈သင်းနေရာကနေ နောက်တစ်တင့်ဆက်နိုင်ရေးအတွက် လက်ကျန်ပွဲမှာ အားထုတ်ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။