The network connection is lost.

Banner Image

ဆန်စီရိုမှာ တစ်မှတ်စီခွဲဝေယူခဲ့တဲ့ အင်တာနဲ့ နာပိုလီ

အင်တာမီလန် ၂-၂ နာပိုလီ (ပွဲပြီးရလဒ်)

စီးရီအေချန်ပီယံဆုပြေးလမ်းအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်တာနဲ့အညီ အိမ်ရှင်အင်တာမီလန်ရော၊ ဧည့်သည်နာပိုလီပါ အကောင်းဆုံးပွဲထွက်လူစာရင်းနဲ့အတူ ယှဉ်ပြိုင်လာခဲ့ကြပါတယ်။ အခုပွဲစဉ်အတွင်း အိမ်ရှင်တွေက ဒီမာကို၊ ကယ်လ်ဟာနိုဂလူ(ပင်နယ်တီ)တို့ရဲ့သွင်းဂိုးတွေနဲ့ နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ဧည့်သည်တွေအတွက် အထူးခြေစွမ်းပြနေတဲ့ တိုမီးနေးရဲ့ချေပဂိုးတွေကြောင့် အိမ်ကွင်းမှာ အမှတ်ပြည့်မရရှိခဲ့ပါဘူး။ တဖက်မှာလည်း ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် အပြင်းအထန်ကန့်ကွက်ပြီးနောက် တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ရရှိခဲ့တဲ့ နာပိုလီနည်းပြကွန်တီအနေဖြင့် လာမယ့်ပွဲစဉ်တွေကို ပွဲပယ်ပြစ်ဒဏ်နဲ့အတူ လွဲချော်သွားရပါတော့မယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အင်တာမီလန်က အနီးဆုံးပြိုင်ဘက်အေစီမီလန်ကို သုံးမှတ်အသာစီးရယူကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။