စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဘုန်းမောက်ကို အမှတ်ခွဲဝေပေးလိုက်ရတဲ့ ချဲလ်ဆီး
ချဲလ်ဆီး ၂-၂ ဘုန်းမောက် (ပွဲပြီးရလဒ်)
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လိုအပ်ချက်ရှိနေတဲ့ ချဲလ်ဆီးက အိမ်ကွင်းမှာ ဘုန်းမောက်ကို အနိုင်မရရှိခဲ့လို့ အတော်လေးနစ်နာသွားခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကို ပွဲချိန်အစောပိုင်းမှာပဲ ဒေးဗစ်ဘရွတ်စ်က သွင်းယူခဲ့ပြီး ကိုးလ်ပယ်လ်မာက ပယ်နယ်တီမှတဆင့် ဒီဦးဆောင်မှုကို ပြန်လည်ချေပခဲ့ပါတယ်။ ဆက်လက်ပြီး အန်ဇိုဖာနန်ဒက်ဇ်ရဲ့သွင်းဂိုးနဲ့ ချဲလ်ဆီးတို့ ပွဲစဉ်ကို ပြန်လည်ဦးဆောင်ခဲ့ပေမယ့် ဘုန်းမောက်ရဲ့ Set-piece တွေကို မထိန်းချုပ်နိုင်မှုကြောင့် ဂျပ်စတင်ကလွိုက်ဗက်စ်ရဲ့ချေပဂိုးကို ပြန်လည်ခွင့်ပြုပေးရကာ ပထမပိုင်းပွဲချိန်အပြီး တစ်ဖက်နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ဘုန်းမောက်က ခံစစ်ကိုသာ ဦးတည်ကစားသွားပြီး အဝေးကွင်းသရေတစ်မှတ်ကို ရှာဖွေနိုင်ခဲ့ပါတယ်။