လူငယ်ကြယ်ပွင့်ရဲ့အငှားစာချုပ်ကို ရပ်ဆိုင်းကာ အသင်းဆီပြန်ခေါ်ယူဖို့ စဉ်းစားနေတဲ့ လီဗာပူး
လီဗာပူးက ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မတိုင်ခင် ချန်ပီယံရှစ်ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုရရှိနေတဲ့ ဂျိမ်းစ်မက်ကော်နယ်ရဲ့အေဂျက်စ်နဲ့ အငှားစာချုပ်ကို ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။အသက်-၂၁ နှစ်အရွယ်အကယ်ဒမီထွက်ကစားသမားက ၂၀၂၄ ခုနှစ်မှာ ကြိုးကြာနီစီနီယာအဆင့်ပွဲဦးထွက်ကို ရရှိခဲ့ပြီး ငယ်ဘဝကလပ်အသင်းနဲ့အတူ ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုပြီးနောက် ဒတ်ချ်ဘီလူးကြီးဆီ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။
အစောပိုင်းမှာ ဒီအပြောင်းအရွှေ့က ကစားသမားအတွက် အန်းစလော့ရဲ့လက်ထောင်ဟောင်း ဟိုင်တင်ဂါလက်အောက် ပုံမှန်ပွဲကစားခွင့်ပေးမယ်ဆိုတဲ့ ကတိကဝတ်ကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဟိုင်တင်ဂါထွက်ခွာသွားပြီးနောက်ပိုင်း မက်ကော်နယ်ရဲ့အခွင့်အရေးတွေ ကန့်သတ်ခံလာရပြီး လွန်ခဲ့တဲ့ခြောက်လအတွင်း ခုနစ်ပွဲသာ ကစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လတ်တလောအသင်းလူစာရင်းရွေးချယ်မှုမှာလည်း သူ့ကို ချန်လှပ်ထားခဲ့ပါတယ်။
ဒါကြောင့် လီဗာပူးအနေဖြင့် ကစားသမားရဲ့တိုးတက်မှုနှေးကွေးလာပုံအပေါ် စိုးရိမ်ပူပန်ပြီး ဇန်နဝါရီလမှာတင် ပြန်လည်ခေါ်ယူဖို့ စဉ်းစားလာပါတယ်။ သတင်းတွေအရ မက်ကော်နယ်ပြန်ရောက်လာမယ်ဆိုရင် ဝက်စ်ဘရွန်း၊ ဒါဘီ၊ အောက်စ်ဖို့ဒ်ယူနိုက်တက်နဲ့ ဆွမ်ဆီးတို့လို ချန်ပီယံရှစ်ကလပ်တွေရဲ့ အငှားကမ်းလှမ်းမှုအသစ်တွေ ရရှိလာနိုင်တယ်လို့ သိရပါတယ်။