The network connection is lost.

Banner Image

တစ်ယောက်လျော့ ဗီလာရီးရဲလ်ကို ဂိုးပြတ်အနိုင်ယူကာ ဇယားထိပ်မှာ အမှတ်ဆက်ဖြတ်ထားတဲ့ ဘာစီလိုနာ

ဗီလာရီးရဲလ် ၀ - ၂ ဘာစီလိုနာ (ပွဲပြီးရလဒ်)

ဘာစီလိုနာအသင်းဟာ ဒီနှစ်ရာသီ ခြေစွာနေတဲ့ ဗီလာရီးရဲလ်ကို အဝေးကွင်းမှာ အနိုင်ယူကာ အဖိုးတန်ရမှတ်၃မှတ် ရယူနိုင်ခဲ့ပါတယ်။ 
ပထမပိုင်းမှာတင် ယာမယ်လ်ကို ဗီဂါ ကစားပုံကြမ်းခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံရပြီးနောက် ဘာစီလိုနာက အသာစီးနဲ့ကစားနိုင်ခဲ့ပြီး လိုအပ်နေတဲ့နိုင်ပွဲကိုရယူသွားနိုင်ခဲ့ပါတယ်။
ဗီလာရီးရဲလ်က ၁၀ယောက်တည်းနဲ့ကစားရတာတောင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပြီး အခွင့်အရေးတွေလည်းရခဲ့ပေမဲ့ ဘာစီလိုနာဂိုးသမား ဂျိုအန်ဂါစီယာရဲ့လက်စွမ်းပြမှုတွေကြောင့် ချေပဂိုးတွေနဲ့ဝေးကွာခဲ့ကာ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။