The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ဗိုလ်စွဲနိုင်ကြောင်းပြောကြားလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြပက်ဂွါဒီယိုလာက လာမယ့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သောမတ်စ်တူချယ်လ်ဦးဆောင်တဲ့အင်္ဂလန်အသင်းက ဗိုလ်စွဲသွားနိုင်ကြောင်း ခန့်မှန်းပြောကြားလာခဲ့ပါတယ်။

လာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က အိမ်ရှင်အဖြစ်ဧည့်ခံကျင်းပသွားမှာဖြစ်ပြီး အဆိုပါပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတွေထဲမှာ အင်္ဂလန်ကလည်း ထိပ်ပိုင်းကနေ ပါဝင်နေတာဖြစ်ပါတယ်။

သောကြာနေ့က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုအဆင့်မဲနှိုက်မှုမတိုင်မီမှာ ဂွါဒီယိုလာက အင်္ဂလန်ဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြန်လည်ဗိုလ်စွဲသွားနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။

စပိန်သားနည်းပြက "အင်္ဂလန်ရဲ့ပြိုင်ဘက်လောင်းတွေက ဘယ်သူတွေဖြစ်လာနိုင်မလဲ လူတိုင်းသိပါတယ်။ ဒါပေမယ့် အင်္ဂလန်ကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိတက်စေချင်ပါတယ်။ ကျွန်တော် တမင်သက်သက်သဘောကောင်းပြနေတာမဟုတ်ပါဘူး။ ကျွန်တော်ဒီနိုင်ငံကိုရောက်နေတာ ၁၀ နှစ်ရှိပါပြီ။ တူချယ်လ်ကို ဒီဖလားဆွတ်ခူးစေချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

အမေရိကမြေမှာ ဘောလုံးကစားခဲ့စဉ်ကနဲ့ပတ်သက်ပြီးတော့လည်း ဂွါဒီယိုလာက "၁၉၉၄ တုန်းက ကျွန်တော်တို့ ဒါးလက်စ်မှာ တစ်ပွဲကစားခဲ့ဖူးပါတယ်။ ကျွန်တော်တို့အတွက် အပြင်မှာထက် ကွင်းထမှာနေတာက ပိုပြီးတော့ သက်တောင့်သက်သာရှိခဲ့ပါတယ်။ မက္ကဆီကိုနဲ့ အမေရိကန်အချို့ဒေသတွေက အရမ်းပူပါတယ်။ ရေဓာတ်အများကြီးဖြည့်တင်းဖို့နဲ့ အချိုရည်တွေသောက်ခဲ့ရပါတယ်" လို့ဝေမျှပြောကြားခဲ့ပါတယ်။