
ပွဲချိန်နှောင်းပိုင်းသွင်းဂိုးတွေနဲ့ ခက်ခက်ခဲခဲအနိုင်ရရှိခဲ့တဲ့ လက်ရှိချန်ပီယံလီဗာပူး
လီဗာပူး ၄-၂ ဘုန်းမောက် (ပွဲပြီးရလဒ်)
ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ကတော့ မြိုင်ဆိုင်တဲ့သွင်းဂိုးတွေနဲ့အတူ စိတ်လှုပ်ရှားစရာရသပေါင်းစုံ ပေးစွမ်းခဲ့ပါတယ်။ အန်ဖီးလ်ကလပ်အသင်းအတွက် အီကီတီကီက ပထမပိုင်းပွဲချိန်အတွင်း ဦးဆောင်ဂိုးသွင်းယူပေးခဲ့သလို ဒုတိယပိုင်းစတင်လာချိန်မှာလည်း ဂတ်ပိုက နောက်ထပ်ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ နှစ်ဂိုးပြတ်သွားချိန်မှာ အိမ်ရှင်တို့ရဲ့တိုက်စစ်အလွန်အကျွံလိုက်ပါနေမှုကို အခွင့်ကောင်းယူပြီး ဆီမန်ညိုက ချေပဂိုးတွေ ပြန်လည်သွင်းယူသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ အိမ်ရှင်လီဗာပူးက အပြောင်းအလဲတွေ ပြုလုပ်ပြီး အနိုင်ဂိုးရရှိဖို့ကြိုးစားလာရာ လူစားဝင်ကစားသမားချီယေဆာရဲ့ ပွဲကစားချိန်နှောင်းပိုင်းသွင်းဂိုး၊ မိုဆာလက်ရဲ့နာကျင်အချိန်ပိုသွင်းဂိုးတွေနဲ့အတူ အနိုင်ရလဒ်ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်အတွင်း ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေရဲ့အားနည်းချက်အချို့ကို မြင်တွေ့ခဲ့ရသလို ဘုန်းမောက်ကလည်း သရေတစ်မှတ်နဲ့ထိုက်တန်တဲ့စွမ်းဆောင်ရည်မျိုး ပြသသွားခဲ့ပါတယ်။