The network connection is lost.

Banner Image

အန်ဖီးလ်သရေတစ်မှတ်နဲ့ အိမ်ပြန်နိုင်ခဲ့တဲ့ အာဆင်နယ်

လီဗာပူး ၂-၂ အာဆင်နယ် (ပွဲပြီးရလဒ်)

ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းနှစ်ခုရဲ့အားပြိုင်မှုက သွင်းဂိုးတွေ အပြိုင်အဆိုင်သွင်းယူရင်း ဖျော်ဖြေမှုရသအပြည့် ပေးစွမ်းခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း အိမ်ရှင်တွေက ဂတ်ပို၊ ဒီယက်ဇ်တို့ရဲ့သွင်းဂိုးတွေနဲ့ ပွဲစဉ်ကိုဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဧည့်သည်တွေအတွက် မာတင်နယ်လီ၊ မီရီနိုတို့က ချေပဂိုးတွေ ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ အာဆင်နယ်ကွင်းလယ်လူမီရီနို နှစ်ဝါတစ်နီပြစ်ဒဏ်နဲ့ထုတ်ပယ်ခံရလို့ လက်ကျန်ပွဲကစားချိန်အနည်းငယ်ကို ကစားသမားတစ်ဦးလျော့ဖြင့် ဂန်းနားတွေ ဖြတ်သန်းခဲ့ရပါတယ်။