The network connection is lost.

Banner Image

ဘာစီလိုနာပရိသတ်တွေကို သတိပေးစကားဆိုလိုက်တဲ့ ဇာဗီ

ဘာစီလိုနာနည်းပြဟောင်း ဇာဗီဟာနန်ဒက်ဇ်က ယခုတစ်ပတ်အတွင်းမှာ အသင်းရဲ့ပရိသတ်တွေကို သတိပေးတဲ့အနေနဲ့ မက်ဆေ့တစ်စောင်ပေးပို့လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဖလားလက်မဲ့ဖြစ်ခဲ့တဲ့ဘာစီလိုနာအနေနဲ့ နောက်ရာသီမှာ အောင်မြင်မှုတွေပြန်လည် ရယူနိုင်မယ်လို့ ပရိသတ်တွေက ကြီးကြီးမားမားမျှော်လင့်ထားပေမယ့် ဇာဗီကတော့ လက်တွေ့ကျကျစဉ်းစားဖို့နဲ့ အသင်းကိုတည်ဆောက်ဖို့လိုနေသေးကြောင်း သတိပေးခဲ့တာဖြစ်ပါတယ်။

၂၀၂၃-၂၄ ဘောလုံးရာသီ အလယ်လောက်မှာ ဘာစီလိုနာကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တဲ့ဇာဗီဟာ ရာသီကုန်ခါနီးမှာတော့ အသင်းမှာဆက်ရှိဖို့ အရိပ်အယောင်ပြသခဲ့ပေမယ့် နောက်ဆုံးမှာ နည်းပြသစ် ဟန်စီဖလစ်နဲ့ အစားထိုးခံခဲ့ရပါတယ်။ ယခုအခါမှာတော့ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကို ထိန်းညှိနေရတဲ့ ဘာစီလိုနာဟာ နည်းပြသစ်နဲ့အတူ ကစားသမားကောင်းတွေကို ဆက်လက်ခေါ်ယူပြီး သွေးသစ်လောင်းဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

ဒါကြောင့် ဘာစီလိုနာရဲ့ပရိသတ်တွေအနေနဲ့ အသင်းအပေါ်မျှော်လင့်ချက်တွေထားနေပြီး ဘာစီလိုနာတစ်ခေတ်ပြန်လည်ရောက်ရှိလာမယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။ သို့သော်လည်း တကယ့်လက်တွေ့မှာတော့ ဘာစီလိုနာ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့  အနောက်မှာရောက်နေရုံမက ဥရောပရဲ့ အချို့ထိပ်တန်းအသင်းတွေကိုပါ လိုက်မီခြင်းမရှိပါဘူး။

ယခုအခါမှာ နည်းပြဟောင်း ဇာဗီက ပရိသတ်တွေအနေနဲ့ အသင်းအပေါ် စိတ်ရှည်ရှည်ထားရမယ့်အကြောင်းကို “ဘာစီလိုနာဟာ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကို အချိန်အတိုင်းအတာ တစ်ခုလောက်အထိ လျှော့ချဖို့လိုနေပြီး နည်းနည်းချင်းစီတည်ဆောက်သွားရမယ်ဆိုတာ ပရိသတ်တွေအနေနဲ့ နားလည်ထားရပါမယ်”လို့ သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။