The network connection is lost.

Banner Image

ပရီးမီးယားလိဂ်မှာ ရှုံးပွဲကြုံခဲ့ရပြန်တဲ့ ယူနိုက်တက်

ဘရန့်ဖို့ဒ် ၄-၃ ယူနိုက်တက် (ပွဲပြီးရလဒ်)

ပွဲအစမှာ မေဆင်မောင့်ရဲ့ဂိုးနဲ့ အဖွင့်လှခဲ့တဲ့ ယူနိုက်တက်ဟာ ပထမပိုင်းမှာပဲ ၂ ဂိုး ဒုတိယပိုင်းမှာ နောက်ထပ် ၂ ဂိုးထပ်မံခွင့်ပြုခဲ့ရပြီး ဂိုးပြတ်ရှုံးပွဲကြုံရဖို့ အတော်လေးနီးစပ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဂါနာချိုနဲ့ အာမက်တို့ရဲ့သွင်းဂိုးတွေကြောင့် ယူနိုက်တက်တို့ ပြန်လာနိုင်‌ဖို့အထိ မျှော်လင့်ချက်ရှိခဲ့ပါတယ်။ ဘရန့်ဖို့ဒ်အတွက် ယခုပွဲစဉ်မှာ အမ်ဘွေမို အထူးခြေစွမ်းပြခဲ့ပြီး ယူနိုက်တက်နောက်တန်းကို တစ်ချိန်လုံး မွှေနောက်နေခဲ့တာဖြစ်ပါတယ်။ အိုနာနာကို ပွဲမထုတ်ဘဲ အနားပေးခဲ့တဲ့ ယူနိုက်တက်တို့ အဝေးကွင်းမှာ ၄ ဂိုးအထိခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။ ယခုရှုံးပွဲကြောင့်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာကို ကျဆင်းသွားခဲ့ပါတယ်။