The network connection is lost.

Banner Image

အဲဗာတန်ကိုအနိုင်ရခဲ့ပေမယ့် အဆုံးသတ်ပိုင်းလိုအပ်ချက်ရှိနေဆဲလို့ မာရက်စ်ကာ ယုံကြည်နေ

ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အဲဗာတန်ကို ၁-၀ နဲ့အနိုင်ရခဲ့ပေမယ့် မိမိတို့အသင်းဟာ အဆုံးသတ်ပိုင်းလိုအပ်ချက်ရှိနေဆဲလို့ ယုံကြည်နေပါတယ်။ အဝါကတ် ၃ ကတ်ပြည့်ခဲ့တာကြောင့် မာရက်စ်ကာတစ်ယောက် ပွဲကြည့်စင်ကနေသာ ချဲလ်ဆီးကိုကိုင်တွယ်ခဲ့ရပြီး ဂျက်ဆင်ရဲ့တစ်လုံးတည်းသောဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပထမပိုင်းမှာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ကန်ချက် ၅ ကြိမ်ကနေ ဂိုးရနိုင်ချေက 0.49  အထိရှိခဲ့တာဖြစ်ပြီး အဲဗာတန်ဘက်က ကန်ချက် ၁ ကြိမ်သာရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အဲဗာတန်အသင်းက တိုးတက်လာခဲ့ပြီး ဆန်းချက်ဇ်တစ်ယောက် အရေးပါတဲ့ကာကွယ်မှုတွေပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ အဲဗာတန်ကိုအနိုင်ရခဲ့ပေမယ့် မာရက်စ်ကာက သူ့အသင်းဟာ အဆုံးသတ်ပိုင်းလိုအပ်ချက်ရှိနေဆဲလို့ ထင်မြင်နေပါတယ်။

“ဒီရာသီမှာ အဲ့တာက အများကြီးဖြစ်ပျက်ခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲကိုအဆုံးသတ်လို့ရပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အနည်းငယ်ကျဆင်းခဲ့ပေမယ့် အားလုံးခြုံကြည့်ရင် နိုင်ပွဲနဲ့ထိုက်တန်ပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။ ဂျက်ဆင်အတွက်တော့ အခုပွဲက ဒီဇင်ဘာတုန်းက ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ၁၃ ဂိုးမြောက်သွင်းဂိုးရယူနိုင်ခဲ့တာဖြစ်ပြီး ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့လည်း ၂၀၁၂ နောက်ပိုင်း ပထမပိုင်းမှာ ဂိုးမရမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ “သူ(ဂျက်ဆင်)က အဲ့တာကို လိုအပ်ပါတယ်။ ကိုးလ်လည်း အဲ့တာကို လိုအပ်ပါတယ်။ ကျွန်တော် ကိုးလ်တစ်ယောက် မကြာခင်မှာ ဂျက်ဆင်လိုလုပ်နိုင်မယ်ဆိုတာ သံသယမရှိပါဘူး”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။ အဲဗာတန်ဟာ အခုရှုံးပွဲကြောင့် ချဲလ်ဆီးအသင်းအိမ်ကွင်းမှာနောက်ဆုံး ၃၀ ပွဲအတွင်း နိုင်ပွဲမရတဲ့စံချိန်တင်ခဲ့ပါတယ်။

စကော့တလန်သားဟာ ချဲလ်ဆီးနဲ့အဝေးကွင်းပရီးမီးယားလိဂ်ပွဲ ၂၀ မှာ နိုင်ပွဲမရတဲ့စံချိန်တင်နိုင်ခဲ့တာဖြစ်ပြီး အဲ့စံချိန်က လီဗာပူးအသင်းကိုအနိုင်မရတဲ့စံချိန်နဲ့လည်း တူညီနေပါတယ်။
အဲဗာတန်အသင်းဘက်က ဘီတိုတစ်ယောက် အခွင့်အရေးရခဲ့ပေမယ့် ဂိုးပေါက်နဲ့ ကပ်လွဲချော်ခဲ့တာဖြစ်ပါတယ်။ 

“ခင်ဗျားအဲ့တာကို ဘောလုံးမှာ အချိန်အတော်ကြာမြင်နိုင်မှာပါ။ ကျွန်တော်တို့ တိုက်စစ်ကိုဦးတည်ပြီး ကစားတာပါ။ မော်ဒန်ဘောလုံးလောကမှာ ကစားသမားတော်တော်များများ အဲ့လိုလုပ်ပါတယ်။ ကျွန်တော်တို့ အခုအခြေအနေတွေကို အသုံးချနိုင်အောင် ပိုကြိုးစားဖို့ လိုအပ်ပါတယ်”လို့ မိုယက်စ်က ပြောကြားခဲ့ပါတယ်။